Chapter 14 - ပျိုးမကြဲပဲရိတ်သိမ်းခြင်း

507 52 4
                                    

[Unicode]

(TN/ဒီအပိုင်းမှာတော့ Chapter 12ရဲ့အဆက်ကိုပြန်ရောက်သွားပါပြီ။Chapter 13ကတော့ ဘာဖြစ်သွားလဲ ကိုယ်လည်းမသိပါဘူး။ ಠ⌣ಠ )

ဒါပေမဲ့ ဖုန့်ကျန်းက ရွမ်ရှောင်းရဲ့သဘောထားကို ဘယ်တော့မှမမေးခဲ့ဘူး။ရွမ်ရှောင်းဘာမှတောင်မပြောရသေးဘူး သူကချီထားပြီ။ရွမ်ရှောင်းအသိဝင်လို့ စိတ်တိုလာတာနဲ့ သူကရွမ်‌ေရှာင်းကိုနေရာချပေးထားပြီးပြီ။

အချိန်ကြာလာတာနဲ့အမျှ တစ်စုံတစ်ယောက်ဆီမှာ အချီခံရတာက ဝှီးလ်ချဲနဲ့သွားတာထက်ပိုလွယ်တယ်ဆိုတာ ရွမ်ရှောင်းသိလိုက်ရတယ်။အချိန်ကုန်သက်သာရုံတင်မက စွမ်းအင်ချွေတာရာပါရောက်တယ်။တဖြည်းဖြည်းနဲ့ အဲ့ဒါကိုသူအသားကျလာခဲ့တယ်။အယ်လ်ဖာတစ်ယောက်အနေနဲ့ အချီခံရရုံနဲ့ အသားပဲ့မပါသွားပါဘူး။

ရေချိုးပြီးတာနဲ့ သူ့ကိုယ်သူ bathrobe နဲ့ထုပ်လိုက်ပြီး ဆိုဖာပေါ်ချီသွားခံလိုက်ရတယ်။ဖုန့်ကျန်းကလေမှုတ်စက်ယူပြီး ဆိုဖာနောက်မှာရပ်လိုက်ကာ ရွမ်ရှောင်းရဲ့ဆံပင်တွေကိုဂရုတစိုက်အခြောက်ခံပေးလိုက်တယ်။

လက်ချောင်းတွေက ဆံပင်တွေကြားမှာ ညင်သာစွာပြေးလွှားနေပြီး ဦးရေပြားတွေကိုပွတ်တိုက်သွားတဲ့ ခံစားချက်က အရမ်းသက်တောင့်သက်သာရှိတယ်။ဖုန့်ကျန်းရဲ့ လှုပ်ရှားတွေက ညင်သာပြီး သေသပ်တယ်။ဆိုဖာပေါ်ခေါင်းမှီနေရင်းနဲ့ ရွမ်ရှောင်းအိပ်ငိုက်လာခဲ့သည်။

ဖုန့်ကျန်းသည် ရွမ်ရှောင်း၏ ပင်ပန်းနွမ်းနယ်နေမှုကို သတိထားမိသွားသည်။ဆံပင်တွေကို ခြောက်အောင်မှုတ်ပေးပြီးတာနဲ့ ထွက်မသွားသေးပဲ ဖုန့်ကျန်းရဲ့ ရှည်လျားပြီးသန်မာတဲ့လက်တွေက ရွမ်ရှောင်းရဲ့လည်ပင်းတွေဆီလျောကျသွားပြီး နာကျင်တောင့်တင်းနေတဲ့ ပုခုံးနဲ့လက်မောင်းတွေကို နှိပ်နယ်ပေးလိုက်သည်။

ရွမ်ရှောင်းရဲ့ခြေထောက်တွေက အသုံးပြုလို့မရတာကြောင့် လက်မောင်းတွေကိုပဲ အားကိုးပြီးအရာအားလုံးကိုလုပ်ရသည်။အလုပ်များတဲ့နေ့တွေဆို လက်မောင်းနဲ့ပုခုံးတွေက နာကျင်ကိုက်ခဲနေတတ်သည်။ဖုန့်ကျန်းရဲ့ သူ့ပုခုံးတွေပေါ် နှိပ်နယ်ပေးမှုက အားသိပ်မပါသလို လျော့လည်းမလျော့ဘူး၊ အနေတော်ပဲ။ရွမ်ရှောင်းမရုန်းပဲ ဒီတိုင်းဇိမ်ခံနေလိုက်တယ်။

Dog Training (mm-translation)Where stories live. Discover now