Chapter 15 - ကိုယ်ထိန်းချုပ်ဆေးတွေ မသောက်ချင်ဘူး

717 47 6
                                    

[Unicode]

ဖုန့်ကျန်းသည် သူ့အားအောက်ချပေးရန်ဘရည်ရွယ်ချက်မရှိပဲ ဆက်လက်ချီထားသည်ကို တွေ့လိုက်ရသဖြင့် ရွမ်ရှောင်းကမျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"ဘာရပ်လုပ်နေတာလဲ။ ငါ့ကိုအောက်ချပေးလေ။"

ဖုန့်ကျန်းသည် သူ့ရင်ခွင်ထဲမှ မငြိမ်မသက်လှုပ်ရွနေသူကို ငုံ့ကြည့်လိုက်သည်။ရေချိုးပြီးစဖြစ်သဖြင့် ရွမ်ရှောင်း၏အသားအရေက တောက်ပြောင်ချောမွတ်နေသည်။ပိန်ပိန်ပါးပါးခန္ဓာကိုယ်က bathrobe တစ်ထည်ဖြင့်သာလွှမ်းခြုံထားပြီး သွယ်လျသောခြေထောက်များကို လှစ်ဟပြထားသည်။ထိုခြေထောက်များကပျော့ခွေတွဲကျနေသော်လည်း ချည့်နှဲ့ပြီးသိမ်နေခြင်း အလျဥ်းမရှိပေ။အသုံးပြုခြင်းမခံရသော ခြေဖဝါးများသည်ပါးလွှာပြီး အရောင်ဖျော့ကာ ကျန်းမာသန်စွမ်းသောအရောင်မရှိသော်လည်း ခြေဖနောင့်လေးများသည် ပန်းရောင်သန်းနေပြီး တော်တော်လေးနူးညံ့မည့်ပုံ ပေါ်နေလေသည်.......

သူ့အကြည့်တွေက အပေါ်ကိုရွေ့သွားသည်။ bathrobe၏ ကော်လာများကိုတင်းတင်းကြပ်ကြပ်ချည်နှောင်ထားသော်လည်း ဖုန့်ကျန်းသည် ဧည့်ခန်းရှိဆိုဖာပေါ်တွင် သူနှိပ်ပေးစဉ်က မြင်လိုက်ရသော လျော့ရဲနေသည့် bathrobe ပုံစံကို သူအတိအကျမှတ်မိနေသေးသည်။ကျယ်ပြန့်သောရင်အုပ်၊ ပန်းရောင်သန်းပြီး သေးငယ်သော nipples......

ဖုန့်ကျန့်၏ နက်ရှိုင်းသည့်အကြည့်များကြောင့် ရွမ်ရှောင်းတစ်ချက်တွန့်သွားသည်။တစ်ယောက်ယောက်က သူ့ကိုကြည့်တာက ဘာမှမဖြစ်ပေမယ့် ဒီလိုအနီးကပ်ကြီးကတော့ မသက်မသာဖြစ်စေတယ်လေ။ပြီးတော့ ဖုန့်ကျန်းရဲ့ အကြည့်တွေကနေ အန္တရာယ်အငွေ့အသက်တွေ ခံစားမိနေသလိုပဲ။

"ဖုန့်ကျန်း၊ အောက်ချပေးလို့ ငါပြောနေတယ်လေ။"

ရွမ်ရှောင်းထပ်ပြောလိုက်သည်။ ဒီတစ်ခါမှာတော့ သူ့အသံမှာစိတ်တို‌ေနသည့်အငွေ့အသက်များ ပါဝင်လေသည်။

ဖုန့်ကျန်းက ရွမ်ရှောင်းအော်ဟစ်ပြီး ရုန်းကန်နေတာတွေကိုလျစ်လျူရူပြီး တင်းကြပ်စွာဆက်ချီထားသည်။သူ့ရဲ့ကြံခိုင်ပြီးရှည်လျားတဲ့ကိုယ်က တစ်ခုခုကိုအလေးအနက်တွေးနေသလို မလှုပ်မယှက်ရပ်နေတုန်းပဲ။နောက်တော့ ရွမ်ရှောင်းရဲ့နောက်ကျောဘက်မှာရှိတဲ့ သူ့လက်ကိုမတင်လိုက်ပြီး ခေါင်းကိုငုံ့ကြည့်လိုက်တယ်။မျက်နှာနှစ်ခုက တဖြည်းဖြည်းနီးကပ်လာတယ်.......

Dog Training (mm-translation)Where stories live. Discover now