Chapter 6 - လက်စားချေဖို့အချိန်ကောင်းမဟုတ်သေးဘူး

748 98 4
                                    

[Unicode]

မိုးကတစ်ညလုံးရွာနေခဲ့ပုံပေါက်ပြီးပါးလွှာပြီးစုတ်ပြဲနေသောရှပ်အင်္ကျီသည်အနှီလူ၏ခန္ဓာကိုယ်တွင်ကပ်နေခဲ့ပြီးပြီးပြည့်စုံသောအပေါ်ပိုင်းကြွက်သားများကိုပေါ်လွင်စေသည်။သို့‌သော်အခုချိန်မှာရွမ်ရှောင်းသည်ထိုလူ၏ချောမောမှုကိုအာရုံမခံနိုင်သေးချေ။အကြောင်းမှာဖုန့်ကျန့်၏ဦးခေါင်းတွင်ရှိသောပတ်တီးမှာသွေးစွန်းနေပြီးဒဏ်ရာပြန်ပွင့်သွားကြောင်းညွှန်ပြနေသည်။

ရွမ်ရှောင်းသည်သွေးစွန်းနေသောပတ်တီးကိုကြည့်ကာမှင်သေနေမိသည်။ဒဏ်ရာတွေနဲ့ပြည့်နေတဲ့အနှီလူသည်မိုးရေထဲတစ်ညလုံးရပ်နေခဲ့တာတကယ့်ကိုရူးသွပ်တာပဲ။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ" ရွမ်ရှောင်းကအေးစက်စက်ဖြင့်မေးလိုက်သည်။

မိုးရေထဲမှာအကာအကွယ်မဲ့အကြာကြီးရပ်နေခဲ့ရတာကြောင့်ဖုန့်ကျန့်သည်အအေးမိသွားပုံရပြီးသူ့အသံမှာအက်ရှနေခဲ့သည်။ "ငါ မင်းရဲ့ကားနောက်ကိုလိုက်ခဲ့တာ......."

ရွမ်ရှောင်ခဏလောက်နားမလည်နိုင်ဖြစ်သွားသည်။ရွမ်‌ရှောင်းဟာသူ့လက်နဲ့ဘရိတ်‌ရောလီဗာ‌‌ရောနှစ်ခုလုံးကိုထိန်းချုပ်ဖို့လိုအပ်တာ‌ကြောင့်သူ့ကားဟာမသန်စွမ်းသူတွေအတွက်အထူးပြုလုပ်ထားသောကားဖြစ်သည်။ဒါကြောင့်သူကားမောင်းတဲ့အခါဘယ်တော့မှအမြန်မမောင်းဘူး။ဒါပေမဲ့ အဲ့အရှိန်ကသာမန်လူတစ်ယောက်ခြေထောက်နဲ့လိုက်နိုင်လောက်အောင်ထိတော့မနှေးဘူး၊ အထူးသဖြင့်လမ်းကိုသေချာမမြင်ရတဲ့မှောင်မဲနေတဲ့မိုးရွာညတွေမှာပေါ့။

ဒီလိုအခြေအနေမျိုးမှာဒီလူကသူ့နောက်ကိုဘယ်လိုထပ်ကြပ်မကွာလိုက်နိုင်ခဲ့လဲဆိုတာပဟေဠိဖြစ်နေတယ်။

ဖုန့်ကျန့်ကသူကြိုက်တဲ့သူကိုနှာထဖို့အတွက်‌လောက်နဲ့ရွမ်ရှောင်းကြိုးစားခဲ့သမျှကိုလုယူခဲ့တာကြောင့်ရွမ်ရှောင်းဟာအဲ့လူကိုမကျေမနေဖြစ်ခဲ့ဖူးသည်။သို့သော်လည်း ရွမ်ရှောင်းကအငြိုးကြီးတဲ့လူမဟုတ်ချေ။အခက်အခဲများစွာကိုဖြတ်သန်းပြီးဒုက္ခိတအဖြစ်နဲ့သုံးနှစ်ကြာဖြတ်သန်းပြီးနောက်လက်ရှိဘဝကိုလက်ခံလိုက်ရုံကလွဲဘာမှမတတ်နိုင်ပေ။တဖြည်းဖြည်းနဲ့သူဟာကိစ္စတွေကိုလျစ်လျူရူတတ်လာပြီးအေးစက်လာခဲ့တယ်။

Dog Training (mm-translation)Where stories live. Discover now