Chapter 7 - ဖယ်ရိုမုန်းများထုတ်လွှတ်ခြင်း

790 101 8
                                    

[Unicode]

ရွမ်ရှောင်းသည်အရပ် ၁၈၀စင်တီမီတာရှိပြီး မတော်တဆမဖြစ်ခင်ကကြံ့ခိုင်သန်မာသောခန္ဓာကိုယ်လည်းရှိသည်။သို့သော်သုံးနှစ်ကြာဝှီးလ်ချဲပေါ်တွင်ထိုင်ပြီးနောက် သူ့ခန္ဓာကိုယ်မှာပိန်ပါးလားခဲ့သည်။ထို့ကြောင့်သူမည်မျှပင်အင်္ကျီပွပွများဝတ်စေကာမူအရပ် ၁၈၉စင်တီမီတာရှိပြီးကြွက်သားများဖြင့်ပြည့်နေသောဖုန့်ကျန်ထက်စာလျှင်သိသိသာသာသေးငယ်ပုံပေါ်နေသည်။သူဝတ်လျှင်ပွပွချောင်ချောင်ဖြစ်နေသောအင်္ကျီသည်ဖုန့်ကျန့်ဝတ်လိုက်သောအခါတင်းကြပ်နေပြီးကြွက်သားများကိုလှစ်ဟာပြထားသကဲ့သို့ဖြစ်နေသည်။

အင်္ကျီကကြပ်နေတာတောင်ဖုန့်ကျန့်ကစိတ်အနှောင့်အယှက်ဖြစ်ဟန် မပြပေ။ထိုအစားရွမ်ရှောင်းရဲ့အဝတ်များကိုဝတ်ထားရလို့စိတ်ကျေနပ်နေပုံပေါ်သေးသည်။ထို့အပြင်အင်္ကျီကိုဆွဲကာခေါင်းငုံ့နမ်းလိုက်ပြီး "ပူစီနံ အနံ့သင်းသင်းလေးရတယ်၊ ဒါရွမ်ရွမ်ရဲ့ဖယ်ရိုမုန်းအနံ့ထင်တယ်၊ အနံ့အရမ်းကောင်းတာပဲ။"

ဒီမှတ်ချက်‌ကြောင့်ရွမ်ရှောင်းကျောဆန့်သွားမိတယ်။

ရွမ်ရှောင်းနှင့် ဖုန့်ကျန့်နှစ်ယောက်လုံးသည်အယ်လ်ဖာများဖြစ်ကြသည်။ပုံမှန်အားဖြင့် အယ်လ်ဖာဖယ်ရိုမုန်းတွေက အယ်လ်ဖာနှစ်ယောက်ကြားမှာဆို နှစ်မြို့စရာ မကောင်းပဲ‌ကတောက်ကဆလေးတွေဖြစ်စေနိုင်သည်။ဘာကြောင့်ဆိုအယ်လ်ဖာတွေရဲ့မွေးရာပါဗီဇကိုကတစ်ယောက်ယောက် သူတို့ကိုလာထိန်းချုပ်မှာကိုမလိုလားပေ။ရန်စလိုတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ရင်တောင် အယ်လ်ဖာတစ်ယောက်ကတခြားအယ်လ်ဖာတစ်ယောက်ရဲ့ဖယ်ရိုမုန်းကိုနှစ်သက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

အထူးသဖြင့် ဖုန့်ကျန့်ကဲ့သို့ Sအဆင့်အယ်လ်ဖာများသည်ဤကမ္ဘာ၏အထက်တန်းစားအဖြစ်သတ်မှတ်ခံရသောဖယ်ရိုဖုန်းများကိုပိုင်ဆိုင်ရုံသာမကရုပ်ပိုင်းဆိုင်ရာလည်းကြံ့ခိုင်ပြီးအာရုံခံနိုင်စွမ်းလည်းပိုကောင်းကြသည်။ထို့ကြောင်း၎င်းတို့သည်သဘာဝအားဖြင့်၎င်းတို့ပတ်ဝန်းကျင်ရှိဖယ်ရိုမုန်းများအပေါ်ပိုအကဲဆတ်ပြီးတခြားအယ်လ်ဖာတစ်ယောက်၏ဖယ်ရိုမုန်းအပေါ်တုန့်ပြန်မှုပိုမြင့်မားသည်။

Dog Training (mm-translation)Where stories live. Discover now