Chapter 3- S အဆင့်အယ်လ်ဖာ

926 102 5
                                    

[Unicode]

အရည်အသွေးမြင့်အိုမီဂါတစ်ယောက်ဖြစ်တဲ့ရွမ်ကျင်းဟာ သိမ်မွေ့တယ် လှပတယ် ဆွဲဆောင်မှုရှိတဲ့သွင်ပြင်ကိုလည်းပိုင်ဆိုင်ထားသည်။တခြားတစ်ဖက်မှာကျရွမ်ရှောင်းဟာအရပ်ရှည်ပြီး ကြံ့ခိုင်တဲ့ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့အယ်လ်ဖာတစ်ယောက်ဖြစ်တယ်။ရုပ်ရည်ကလည်းသာမာန်ရွက်ကြမ်းရည်ကျိုပါပဲ။ပုံမှန်ဆိုရင်တော့သူတို့နှစ်ယောက်ကိုမှားနိုင်စရာအကြောင်းမရှိပါဘူး။

တစ်စုံတစ်ယောက်သာမှတ်ဉာဏ်တစ်ခုခုဖြစ်မသွားရင်ပေါ့။

အခုတော့အဲ့ဖြစ်ရပ်ကဖုန့်ကျန့်မှာဖြစ်လာခဲ့ပြီ။

ဖုန့်ကျန့်ကသွေးတွေပေနေပြီးဦးခေါင်းမှာလည်းပတ်တီးတွေနဲ့ရှုပ်ပွနေပေမဲ့ချောမောမှုကတော့လျော့မသွားပေ။Sအဆင့်ရှိအယ်လ်ဖာတစ်ယောက်၏သဘာဝအလျောက်ထုတ်လွှတ်နေတဲ့အရှိန်အဝါတွေကြောင့်အရေးပေါ်ခန်းရှိဆေးရုံးဝန်ထမ်းများကလည်းရွမ်ရှောင်းတို့ဘက်ကိုစူးစမ်းလို့သည့်အကြည့်များနှင့်ကြည့်နေကြပြီဖြစ်သည်။

သူတို့ရဲအကြည့်တွေအောက်မှာရွမ်ရှောင်းကစာနာစိတ်ကင်းမဲ့ပြီးအသည်းနှလုံးမရှိတဲ့လူယုတ်မာလုံးလုံးကိုဖြစ်နေပြီ။

ရွမ်ရှောင်းမှာဒီအခြေအနေအတွက်ခုခံစရာစကားလုံးတစ်လုံးမှမရှိတဲ့အတိုင်းဆွံ့အနေမိတယ်။လူစုလူဝေးကြီးရဲ့အပြစ်တင်သံကလွတ်အောင်ဖုန့်ကျန့်ကိုဆေးရုံကဆင်းဖို့ကူညီလိုက်ရုံပဲတတ်နိုင်တယ်။

အခုကမနက်နှစ်နာရီကျော်နေပြီ။လွန်ခဲ့တဲ့နှစ်ရက်ကနေကောင်းကင်မှာလျှပ်စီးတွေလက် အသံကျယ်ကြီးနဲ့မိုးခြိမ်းတာတွေဆက်တိုက်ဖြစ်နေခဲ့တယ်။ညအပူချိန်ကတော့အေးခဲမတတ်ပဲ........

ဒါပေမဲ့ဒီအရာတွေကရွမ်‌ရှောင်းကိုဒဏ်ရာတွေနဲ့ဖုန့်ကျန့်ကိုလူသူကင်းမဲ့တဲ့လမ်းမပေါ်မှာပြတ်ပြတ်သားသားနဲ့တစ်ယောက်တည်းထားခဲ့ဖို့ကိုမတားဆီးနိုင်ခဲ့ဘူး။

ရွမ်ရှောင်းဟာအသည်းနှလုံးမရှိတဲ့လူတော့မဟုတ်ပါဘူး၊ ဒါပေမဲ့သူတို့နှစ်ယောက်ကြားမှာပြိုင်ဆိုင်မှုတွေနဲ့ မုန်းတီးမှုတွေရှိနေတယ်။သူကသူတော်စင်မဟုတ်ဘူး၊ ဒီရန်ငြိုးကိုခဝါချပြီးကြင်နာဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒါကြောင့်ဖုန့်ကျန့်ကိုဆေးရုံကခေါ်ထုတ်လာပြီး Mမြို့တော်မှာရှိတဲ့ဖုန့်လုပ်ငန်းစုဆီသွားခိုင်းတာကသူပေးနိုင်တဲ့အကြီးမားဆုံးကြင်နာမှုပဲ။

Dog Training (mm-translation)Where stories live. Discover now