Chapter 10 - ကိုယ်ကအမြဲတမ်းဒီလိုပါပဲ

495 46 2
                                    

[Unicode]

အပြည့်အဝအနားယူပြီးနောက်သုံးရက်မြောက်နေ့တွင် ဖုန်းကျန့်သည်သက်သာလုနီးပါးဖြစ်နေပြီဖြစ်သည်။သူပြန်လည်သက်သာလာသည်နှင် ရွမ်ရှောင်းကနှင်ထုတ်ရန်စဉ်းစားလိုက်သော်လည်း ထိုအချိန်မှာပင်ဆိုင်အတွက်မှာထားသောပစ္စည်းများရောက်လာခဲ့သည်။

နောက်ထပ်ဝန်ထမ်းမငှားရသေးသဖြင့် ဖုန်းကျန့်ကအလုပ်သမားများကိုညွှန်ကြားပြီး ကုန်ပစ္စည်း များကိုရွေ့ပြောင်းခြင်းဖြင့်တစ်‌နေ့လုံးအလုပ်များနေခဲ့သည်။

စတုတ္ထမြောက်နေ့တွင်ဖုန်းကျန့်က ရွမ်ရှောင်းဆီမှယွမ်တစ်ရာတောင်းလိုက်သည်။ထို့နောက်အနီးအနားရှိဈေးကိုသွားပြီး ငါးနှင့်ဟင်းသီးဟင်းရွက်များဝယ်ယူခဲ့သည်။နေ့လည်စာအဖြစ် ဟင်းသီးဟင်းရွက်နှစ်ပွဲနှင့် ငါးကြင်းဆီပြန်အစပ်တစ်ပွဲချက်လိုက်သည်။

ရွမ်ရှောင်းကအရသာပြင်းသောအစားအစားများကိုမကြိုက်ပေ။သို့သော်ဖုန်းကျန့်ချက်သည့် ငါးကြင်းဆီပြန်အစပ်ကတော့ထူးထူးခြားခြားစားကောင်းလေသည်။မူလကအရသာမြည်းကြည့်ရုံသာစဉ်းစားထားသော်လည်း ရွမ်ရှောင်းသည်မရပ်တန့်နိုင်တော့ပဲအကုန်စားလိုက်မိသည်။

ရွမ်‌ရှောင်းကကိုယ့်ဘာကိုယ်စားနေသော်လည်း ဖုန်းကျန့်ကသူငါးစားရတာကြိုက်နေကြောင်းသတိထားမိသွားသောအခါ အကြီးဆုံးငါးတစ်ကောင်ကိုအရိုးနွှင်ကာပန်းကန်ထဲထည့်ပေးလာသည်။

အတူတူနေတာကြာလာသည်နှင့်အမျှဖုန်းကျန့်က ရွမ်ရှောင်း၏မူလသဘောထားကိုလုံးဝပြောင်းလိုက်နိုင်လေသည်။သိမ်မွေ့မှု၊ထောက်ထားညှာတာတတ်မှုအစရှိတာတွေကဖုန့်ကျန်းလိုအဆင့်မြင့်အယ်လ်ဖာတစ်ယောက်နှင့်လားလားမျှမအပ်စပ်ပေ။အခုတော့ထိုအရာအားလုံးကသူ့ထံတွင်ဖြစ်ပေါ်နေလေသည်။

သူ့ပန်းကန်လုံးထဲကိုငါးအရိုးနွှင်ပြီးထည့်ပေးနေသောဖုန့်ကျန်းကိုကြည့်ပြီးရွမ်ရှောင်းကမှတ်ချက်ပေးသည်။"တစ်နေ့မှာမင်းကို ဒီလိုပုံစံမျိုးတွေ့ရမယ်လို့တစ်ခါမှမထင်ထားမိဘူး။"

ဖုန့်ကျန်းကရွမ်ရှောင်းပန်းကန်ထဲနောက်ထပ်ငါးတစ်ဖဲ့ထည့်လိုက်ပြီး "ကိုယ်ကအမြဲတမ်းဒီလိုပါပဲ။"

Dog Training (mm-translation)Where stories live. Discover now