Chapter 13 - အဲ့မှာပဲရပ်မနေနဲ့

480 43 6
                                    

[Unicode]

အတိတ်မေ့ဝေဒနာခံစားနေရသည့် ဖုန့်ကျန်းသည် လိင်မှုကိစ္စများနှင့်ပတ်သက်၍ မည်မျှမှတ်မိသည်ကိုမသေချာသော်လည်း ဘေးကင်းအောင်အတွက် ညင်သာပေးရန်သတိပေးဖို့လိုသေးသည်လေ။အမှန်ဆိုအယ်လ်ဖာတွေက အဲ့ကိစ္စတွေမှာ ပြင်းထန်တတ်တယ်၊ ဖုန့်ကျန်းလို Sအဆင့်အယ်လ်ဖာကတော့ ပြောမနေနဲ့တော့ပေါ့။

ရွမ်ရှောင်းက သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ဦးဆောင်သူကဏ္ဍကို လက်လျော့ထားတာကြာပြီဖြစ်သည်။သို့သော် ဖုန့်ကျန်း၏သိသိသာသာ ဖြုံ‌ေလာက်သောတည်ရှိမှု(ထိုဟာ🌚)နှင့်ဆို သင့်တော်သည့်ပြင်ဆင်မှုမရှိပဲ လုပ်လိုက်ပါက အထိနာပေလိမ့်မည်။

ဖုန့်ကျန်းက နှစ်ဦးနှစ်ဖက်အဆင်ပြေစေရမယ်လို့ အာမခံထားမှတော့ စိတ်ပူစရာမရှိလောက်ပါဘူး။

ဖုန့်ကျန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ငြိမ်သက်နေသည်။ရွမ်ရှောင်းက သူ(ဖုန့်ကျန်း)နားမလည်ဘူးထင်ပြီး အရှက်တရားကိုဘေးဖယ်ကာ ညင်သာစွာရှေ့ဆက်လိုက်သည်......

"အယ်လ်ဖာတွေက လက်ခံသူနေရာကနေရင် လုံလောက်တဲ့ ချဲ့ထွင်မှုနဲ့ ချောဆီလိုတယ်။မဟုတ်ရင် နာကျင်မှုကိုခံစားရလိမ့်မယ်....."

စကားဆုံးတာနဲ့ ဖုန့်ကျန်းက ရွမ်ရှောင်းကို ဝေဝေဝါးဝါးငုံ့ကြည့်လိုက်သည်။သို့သော် သူ့အကြည့်တွင် လိုချင်တပ်မက်စိတ်များနှင့် ပြည့်နှက်နေသည်။

ရွမ်ရှောင်းသည် များသောအားဖြင့် သီးသန့်ဆန်ပြီး တည်ငြိမ်သော်လည်း ယခုတွင်တော့ ပုံမှန်လိုတည်ငြိမ်မှုများ ပျောက်ဆုံးနေလေသည်။

အလင်းရောင်အောက်မှာ သူမျက်နှာကနီရဲနေပြီး  နားရွက်တွေကာပန်းရောင်သန်းနေကာ အစက pale skinဖျော့‌ေဖျာ့ရိှ‌ေသာ လည်ပင်းတွင်တော့ မက်မွန်ရောင်ဖြစ်နေလေသည်။ဖုန့်ကျန်းက သူ့ကိုကြည့်လိုက်သောအခါ ရွမ်ရှောင်း၏ ထူထဲသောမျက်ခုံးများက အနည်းငယ်ကြုံ့သွားသည်။

တုံ့ပြန်ရန်နှေးကွေးနေသည်ကို အပြစ်တင်နေသကဲ့သို့ လှပပြီးနူးညံ့သော မျက်ဝန်းများက သူ့ကိုမကျေမနပ်စိုက်ကြည့်နေလေသည်။မျက်ထောင့်များမှာလည်း အနီရောင်သန်းနေသေးသည်။အနှီမြင်ကွင်းကြောင့် ဖုန့်ကျန်း၏နှလုံးသားမှာ ပြင်းပြင်းထန်ထန်လှုပ်ခါသွားပြီး ကြံ့ခိုင်သောခန္ဓာကိုယ်မှာ အောက်သို့ငုံ့မိုးလာသည်။

Dog Training (mm-translation)Donde viven las historias. Descúbrelo ahora