Chapter 5 - ဒီလောက်ပါပဲ

741 89 6
                                    

[Unicode]

လွန်ခဲ့တဲ့နှစ်ရက်ကသူ့ကိုအပြစ်ကင်းတဲ့အကြည့်တွေနဲ့ကြည့်ပြီး 'ရွမ်ရွမ်' လို့ခေါ်တဲ့အမျိုးသားဟာဖုန့်ကျန့်ဖြစ်သည်။သူက Mမြို့တော်ရှိဖုန့်မိသားစု၏တစ်ဦးတည်းသောသားဖြစ်ပြီးရွမ်မိသားစုကိုယှဉ်နိုင်သူလည်းဖြစ်သည်။သူနဲ့ရွမ်ရှောင်းဟာအချိန်အတော်ကြာအောင်စီပွားရေးနယ်ပယ်မှာပြိုင်ဘက်တွေဖြစ်ခဲ့ကြသည်။နှစ်ပေါင်းများစွာမီးနဲ့ရေလိုအပြင်းအထန်ပြိုင်ဆိုင်ခဲ့ကြသည်။သို့သော်နောက်ပိုင်းတွင်ဖုန့်ကျန့်သည် ရွမ်ကော်ပိုရေးရှင်း၏အမှုဆောင်များနှင့်ပူးပေါင်းကာရွမ်ရှောင်းကိုဖြုတ်ချခဲ့သည်။သူသည်အသက်ဆယ့်ကိုးနှစ်သာရှိသေးသောရွမ်မိသားစုတရားဝင်သမီး၏သားဖြစ်သူအထက်တန်းကျောင်းသားရွမ်ကျင်းကိုထောက်ပံ့ပြီးရွမ်ရှောင်းနေရာကိုဝင်ယူစေခဲ့သည်။

ထိုအချိန်တွင်ထင်ရှားကျော်ကြားတဲ့ဖုန့်ကျန့်သည်သူ၏တူဖြစ်သူရွမ်ကျင်းကိုအချိန်အတော်ကြာအောင်တိတ်တဆိတ်သဘောကျနေကြောင်းသူသိလိုက်ရသည်။သူ့ကိုလိုက်ပိုးရန်ဖုန့်ကျန့်သည်အရင်းအနှီးများစွာကိုသုံးကာရွမ်မိသားစု၏စည်းစိမ်များကိုရွမ်ရှောင်းဆီမှလုယူရန်ကူညီပေးခဲ့သည်။

စီးပွားရေးလောက၏ပြင်းထန်ပြီးရက်စက်ကြမ်းကြုတ်သောတိုက်ပွဲများကိုဆယ်နှစ်ကြာကြုံတွေ့ပြီးနောက် ရွမ်ရှောင်းသည်အနိုင်ရသူကအောင်မြင်မှုများကိုသိမ်းယူပြီး ရူံးနိမ်သူကနှိမ်နှင်းခံရမည်ဟူသော နိယာမတရားကိုသူသဘောပေါက်ပါသည်။သူ့အမှားကိုလက်ခံနိုင်ပြီး လူရွေးမှားခဲ့တာလည်းဝန်ခံပါတယ်။အခုလက်ရှိဆိုးဝါးလွန်းတဲ့သူ့ကံကြမ္မာကိုလည်း လက်ခံနိုင်ပါတယ်။ဒါပေမဲ့ သူ့ကိုဆန့်ကျင်တဲ့သူတွေကတော့ သူ့ကိုလှောင်ပြောင်နေကြတုန်းပဲ။

ဒီအချိန်မှာသူအားသွန်ခွန်စိုက်ကြိုးစားပြီး ငွေစုကာအခြေခံလူတန်းစားဘဝကနေအသစ်ပြန်လည်စတင်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ဒါပေမဲ့ သူထပ်ခါတလဲလဲပစ်မှတ်ထားတိုက်ခိုက်ခံရသည်။ကြိုးစားလိုက် ကျရူံးလိုက်နှစ်ခါဖြစ်ပြီးနောက် ရွမ်ရှောင်းသည်သူ့ကျရူံးမှုတွေရဲ့နောက်ကွယ်မှာ သူပြန်လာမည်ကိုမလိုလားသောသူတစ်ယောက်ရှိမည်ဟု ထင်မြင်လာမိသည်။သက်သေတွေကကြိုးကိုင်ခြယ်လှယ်သူရှိနေတယ်ဆိုတာ ပြနေတယ်။

Dog Training (mm-translation)Where stories live. Discover now