Chapter 4 - နာကြည်းမှုနှင့်နာကျင်မှု

839 100 2
                                    

[Unicode]

ရွမ်ရှောင်း၏စာအုပ်ဆိုင်လေးသည်အခန်းငါးခန်းပါသောလမ်းမျက်နှာစာလေးထောင့်ပုံအဆောက်အအုံတစ်ခုဖြစ်သည်။နှစ်ခန်းကိုစီးပွားရေးအတွက်သုံးပြီးကျန်သုံးခန်းကိုနေထိုင်ရန်သုံးသည်။

သူ့အိမ်နှင့်ဆိုင်ကြားအကွာအဝေးသည်တံခါးတစ်ချပ်သာခြားပြီးသူ့လိုသွားလာလှုပ်ရှားရန်မလွယ်ကူသူအဖို့အလွန်အဆင်ပြေပေသည်။

ရွမ်ရှောင်းကဆိုင်ခန်းရဲ့မီးကိုဖွင့်လိုက်ပြီးထောင့်တစ်နေရာမှာရှုပ်ပွနေတဲ့စာအုပ်တွေကိုမြင်လိုက်ရတယ်။

နွေရာသီအားလပ်ရက်နီးကပ်လာသည်နှင့်အမျှလာရောက်လည်ပတ်သူများများစားစားမရှိပေ၊အထူးသဖြင့်မနက်ခင်းတွေဆိုလာရောက်သူမရှိသလောက်ဖြစ်သည်။ထို့ကြောင့်ရွမ်ရှောင်းသည်ဆိုင်ဖွင့်ဖို့အလျင်လိုမနေခဲ့ချေ။၎င်းအစားဖောက်သည်များပြန်လာအပ်ထားသောစာအုပ်များကိုသူ့နေရာနှင့်သူစီနေလိုက်သည်။စာအုပ်တစ်အုပ်စီချင်းကိုစာအုပ်စင်ပေါ်တွင်ဂရုတစိုက်စီထားလိုက်သည်။သို့သော်ကြမ်းပြင်ပေါ်တွင်စာအုပ်တွေအများကြီးရှိနေသေးပြီအရှေ့ဘက်ရှိခုံများမှာလည်းသူ့အတွက်မြင့်လွန်းလှပေသည်။

ရွမ်ရှောင်းကအားနည်းတဲ့သူ့ခြေထောက်တွေကိုငုံ့ကြည့်ပြီးသက်ပြင်းချလိုက်မိသည်။သူကဖုန်းကိုထုတ်လိုက်ပြီးလွန်ခဲ့တဲ့ရက်တွေကအလုပ်ရှာတဲ့ဆော့ဖ်ဝဲမှာသူတင်ထားတဲ့အလုပ်သမားခေါ်တဲ့ပို့စ်ကိုကြည့်လိုက်တယ်။စိတ်မကောင်းစရာကသူ့ရဲ့စာအုပ်ဆိုင်အကူဝန်ထမ်းရှာတဲ့ပို့စ်မှာမည်သည့်တုန့်ပြန်မှုကိုမျှမတွေ့ရပေ။

အရင်ဝန်ထမ်းကသူ့အမေကျန်းမာရေးကြောင့်ရုတ်တရက်အလုပ်ထွက်လိုက်ရတာမို့ရွမ်ရှောင်းမှာ‌နောက်ထပ်အလုပ်သမားရှာမ‌တွေ့ပဲအခုလိုခက်ခဲတဲ့အခြေအနေဖြစ်စေခဲ့သည်။ခြေထောက်မသန်စွမ်းသူတစ်‌ယောက်အနေနဲ့တစ်ကိုယ်ရည်ကိစ္စတွေမှာတခြားလူတွေထက်အချိန်ပိုယူရတယ်။တစ်ယောက်ယောက်ရဲ့အကူအညီမပါပဲစာအုပ်ဆိုင်ရဲ့စီမံခန့်ခွဲရေးကိစ္စတွေကိုသူမလုပ်နိုင်ဘူး။ဒီလိုစာအုပ်စင်အမြင့်ကြီးတွေမှာဆိုစာအုပ်စီတဲ့အခြေခံအချက်လေးကိုတောင်သူမလုပ်နိုင်ဘူး။အသစ်ရောက်လာတဲ့စာအုပ်နဲ့ပစ္စည်းတွေကိုလည်းနေရာမချရသေးချေ။

Dog Training (mm-translation)Where stories live. Discover now