Chapter 8 - သူ့ကိုကုတင်ပေါ်ပဲခေါ်သွားချင်တာ

967 90 10
                                    

[Unicode]

ရွမ်ရှောင်းကလုံးဝအံ့အားသင့်သွားပြီးခဏတာအေးခဲသွားခဲ့သည်။သူကရှက်ရွံ့မှုနဲ့ဒေါသကိုခံစားလိုက်ရသည်။ဖုန့်ကျန့်လောက်မသန်မာပေမယ့်သူလည်းအယ်လ်ဖာတစ်ယောက်ပါပဲ။တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာဘယ်လိုလုပ်အရုပ်လေးတစ်ရုပ်လိုချုပ်နှောင်ခံနေရတာလဲ။သူ့ကိုချုပ်နှောင်ထားတဲ့လူကသူ့ဖယ်ရိုဖုန်းတွေကိုပြောင်ပြောင်တင်းတင်းလိုက်အနံ့ခံနေသေးတာကပိုအံ့ဩဖို့ကောင်းသေးတယ်။သူကအိုမီဂါမဟုတ်ဘူး၊ ဒါကြောင့်ဒီအပြုအမူကလုံးဝအဓိပ္ပာယ်မရှိဘူး။

ရွမ်ရှောင်းသည်သူ၏တည်ငြိမ်သောအမူအယာကိုဆက်မထိန်းထားနိုင်တော့ပေ။သူကအံကြိတ်လိုက်ပြီး ဖုန့်ကျန့်ကိုတွန်းဖို့ကြိုးစားလိုက်ကာ "ဖုန့်ကျန့်၊ ငါ့ကိုအောက်ချပေး!"

သူ့ခြေထောက်တွေကသုံးမရတာကြောင့် ရွမ်ရှောင်းကသူ့လက်မောင်းတွေကိုမကြာခဏအားကိုးရတယ်။သူကပိန်ပေမယ့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကကြွက်သားတွေနဲ့သန်မာနေဆဲပါ။သို့သော် ဖုန့်ကျန့်၏ရှေ့တွင်တော့သူ့ခွန်အားတွေကအရာမဝင်ပေ။

သူဘယ်လောက်ပဲရုန်းကန်နေပါစေ ဖုန့်ကျန့်ကတော့မတုန်မလှုပ်ပါပဲ။ဖုန့်ကျန့်ရဲ့ခန္ဓာကိုယ်ကပူနွေးနေပြီး သူ့ရူထုတ်လိုက်တဲ့လေပူတွေကရွမ်ရှောင်ရဲ့လည်ပင်းကိုရိုက်ခတ်လာတဲ့အခါ ရှိသမျှအမွှေးတွေအကုန်ထောင်သွားသလိုပဲ။

ရွမ်ရှောင်းကသူ့လည်ပင်းမှာအပ်ထားတဲ့ခေါင်းကိုတွန်းလိုက်ပြီး "ငါမနေ့ညကပြောခဲ့ပြီးပြီလေ၊ ငါကမင်းရဲ့ရွမ်ရွမ်မဟုတ်ဘူး။ ငါကအယ်လ်ဖာတစ်ယောက်၊ အိုမီဂါမဟုတ်ဘူး။"

ဖုန့်ကျန့်ကနောက်ဆုံးတော့ခေါင်းကိုမော့လာခဲ့ပြီး ရွမ်ရှောင်းကိုပြတ်သားတဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်။"မဟုတ်ဘူး၊ မင်းကရွမ်ရွမ်ပဲ၊ ကိုယ့်အတွက်အရေးကြီးဆုံးနဲ့အချစ်ရဆုံးလူ။"

ရွမ်ရှောင်းလုံးဝတုန်လှုပ်သွားတယ်။တစ်ချိန်ကရက်စက်ကြမ်းကြုတ်တဲ့လူက ရွမ်ရှောင်းကိုသူ့ပိုင်ရှင်လို့ယုံကြည်နေပြီးဘယ်လိုမောင်းထုတ်ထုတ်မသွားဖို့ကိုခေါင်းမာနေတဲ့အိမ်မွေးခွေးအဖြစ်ပြောင်းသွားတာကိုမယုံကြည်နိုင်ဖြ်းနေတယ်။

Dog Training (mm-translation)Where stories live. Discover now