2. Why can't we be friends?

1.6K 118 4
                                    

( Uni )

" ငါတို့ကဘာလို့ သူငယ်ချင်းဖြစ်လို့မရတာလဲ "

ဉာဏ့်အသံက တိုးတိုးလေးဆိုပေမဲ့ ယံယံ ကောင်းကောင်းကြားရသည်။ ဒါပေဲ့ ဉာဏ်က ကိုယ့်ဟာကိုယ်ပြောနေတာလား ယံယံ့ကိုမေးနေတာလားဆိုတာကိုတော့ ဉာဏ်ကိုယ်တိုင်ပဲ သိလိမ့်မည်။

အကယ်၍ ယံယံ့ကိုမေးတယ်ဆိုလျှင်တောင် ယံယံ့မှာပြန်ဖြေစရာ အဆင်သင့်ရှိမနေပါ။ သူလည်း ဘာလို့မှန်းမသိပေမဲ့ ဒီဖက်တီးကောင်လေးနှင့် သူငယ်ချင်းမဖြစ်ချင်တာပဲသိသည်။

စတွေ့သည့်နေ့က သူများ လာအနိုင်ကျင့်နေသည်ကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ မုန့်တွေထုတ်ပေးလိုက်သည့် ပုံစံကို မြင်ရတာ သူတော်တော်လေးစိတ်တို၏။ တကယ်ဆို ဉာဏ့်ခန္ဓာကိုယ်နှင့် ဟိုအုပ်စုကိုဝင်လုံးပစ်လိုက်ပါလား။ တစ်ခါလေးမှ ရင်ဆိုင်မကြည့်ဘဲ လွယ်လွယ်အလျှော့ပေးတတ်၊ ကြောက်တတ်တဲ့လူတွေကို သူလုံးဝ သဘောမကျပါ။ သည်လိုအရှုံးသမားတွေနှင့် သူငယ်ချင်းလည်း မဖြစ်ချင်ပါ။

ပြီးတော့ သူငယ်ချင်းဖြစ်ရအောင် သူတို့နှစ်ယောက်မှာ တူညီတာဘာမှမရှိ။

ကျောင်းမှာ နှစ်ယောက်က တစ်ခန်းတည်းလည်းအတူမဟုတ်။ အားလပ်ချိန်ဆို ဥာဏ်က စာကြည့်တိုက်မှာပဲ စာဖတ်နေပြီး ယံယံက ဘောလုံးကွင်းထဲမှာပဲ ဘောလုံးကန်နေတတ်သည်။ ယံယံမုန်းသော သင်္ချာကို ဉာဏ်က အလွန်စိတ်ဝင်စား၏။ အခန်းမတူ‌သော်လည်း ကျောင်းမှာ သင်္ချာချိန်ဆို ဆရာမပါးစပ်ဖျားကနေ ဉာဏ်လင်းထင် ဘယ်လောက်တော်ကြောင်း အမြဲကြားနေရ၍ ကြာတော့ နားကြားပြင်းတောင်ကတ်ပါသည်။

ယံယံက သူ့လိုမျိုး စာကြည့်ပျင်းသော၊ အားကစားကိုသာစိတ်ဝင်စားပြီး ဆရာတွေဆူတာ ခဏခဏခံနေရသောသူများနှင့်ပဲ ရွေးပြီးပေါင်းသင်းတတ်သည့်အချိန် ဉာဏ်ကတော့ ဆရာဆရာမတွေ သည်းသည်းလှုပ်ချစ်သော၊ ပညာရေးမှာ ထူးချွန်ပြီးလိမ္မာရေးခြားရှိသည်ဟု အမွှန်းတင်ခံရသော သူတို့နှစ်၏ အတော်ဆုံးကျောင်းသားအုပ်စုထဲကတစ်ယောက် ။ ယံယံက စက်ဘီးတဝေါဝေါစီးပြီး ကျောင်းကနေအိမ်ပြန်လာချိန်မှာ ဉာဏ်က ယံယံ့စက်ဘီးကိုကျော်တက်သွားသော ကားပေါ်က Driverဦးလေးကြီးဘေးကနေ မုန့်တွေစားရင်း ရယ်မောပြီးလိုက်ပါသွားလေ့ရှိသူ။

My Youth Was Yours  ( Completed )Where stories live. Discover now