( Uni )
ဒယ်ဒီ့ဆီလာပါဦးတဲ့..... ။
ကြားလိုက်ရသည့်အသံကို ယံယံ မယုံနိုင်စွာ လှည့်ကြည့်မိသည်။ အခု ဉာဏ်က သူ့ကိုယ်သူ ဒယ်ဒီလို့သုံးလိုက်တာလား။ သည်လိုမခေါ်ဖို့ တွင်တွင်ပြောခဲ့ပြီးတော့ အခု ဉာဏ်ကိုယ်တိုင် ဒယ်ဒီလို့ ပြောလိုက်တာလား။
Daniel ကတော့ ယံယံ ချီထားရာကနေ ဆင်းသွားကာ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ကြိုနေသည့်ရင်ခွင်ဆီ ပြေးဝင်သွား၏။
" ဒယ်ဒီ "
ဉာဏ်က Danielကိုကောက်ချီလိုက်တော့ Danielက ဉာဏ့်လည်ပင်းကိုဖက်ပြီး ပုခုံးပေါ် မျက်နှာမှောက်ကာ ဆက်ငိုပါသည်။
" အစက ဒယ်ဒီလို့ ခေါ်နဲ့ဆို ....အခု ခေါ်လို့ရပြီလား "
Danielက ဉာဏ်မခေါ်ဖို့ပြောလည်း ခေါ်နေခဲ့ပြီးမှ အခုကျ တရားဝင်ဖြစ်အောင် မေးနေသလားတောင် ထင်ရသည်။
" မငိုနဲ့တော့ ...မငိုဘူးဆိုမှ ခေါ်ခွင့်ပြုမယ် "
"ဟုတ် ငိုတော့ဘူး .... ပါပါးကိုလဲ ငိုနဲ့လို့ပြောလိုက် ဒယ်ဒီ "
ဟင်!
ကလေးကိုသာ လွယ်လွယ်ပြောထွက်ပေမဲ့ လူကြီးကိုတော့ ဉာဏ် ဘယ်လိုပြောရမှန်း မသိပါ။ ယံယံ့ကိုကြည့်လိုက်တော့ တစ်ဖက်လှည့်ပြီး မျက်ရည်တွေ သုတ်နေ၏။ဖြစ်နိုင်လျှင် ထိုမျက်ရည်တွေကို သူကိုယ်တိုင်သုတ်ပေးချင်ပါသည်။
ဖြစ်နိုင်လျှင် Danielလိုမျိုး ငိုနေသည့်တစ်ယောက်ကိုလည်း ပွေ့ဖက်ပြီးနှစ်သိမ့်ပေးချင်ပါသည်။
ဖြစ်နိုင်လျှင် ဒီနှစ်တွေအတွင်းမှာ ဖြစ်ခဲ့သမျှကိစ္စတွေအားလုံးကို သူအကုန်သိချင်ပါသည်။Danielရဲ့အမေက ဘယ်ရောက်သွားလို့လဲ။ ကလေးမွေးပြီး ပစ်ထားခဲ့တာမျိုးတော့မဖြစ်နိုင်ပါ။ ဆုံးသွားလို့လား။ ဒါမှမဟုတ် ယံယံက Danielကို တစ်ယောက်ယောက်ဆီက မွေးစားထားလို့လား ။
တကယ်လို့ Danielသာ မွေးစားသားဆိုလျှင် ထိုနေ့က ယံယံနှင့် ဖက်နေသည့် အထွေးဆိုတဲ့မိန်းကလေးကရော ဘယ်ရောက်သွားတာလဲ ။
ယံယံကရော ဉာဏ် ကနေဒါထွက်သွားပြီး ခြောက်လလောက်အထိ သူငယ်ချင်းတွေဆီက ဘာလို့ ပျောက်သွားခဲ့ရတာလဲ။
YOU ARE READING
My Youth Was Yours ( Completed )
General Fictionဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ^^