15. Whatever will be, will be

1.3K 125 16
                                    

( Uni )

" ဉာဏ်... မင်း ပြန်ရောက်နေတာလား "

ရုတ်တရက် ရှေ့မှာ မြင်လိုက်ရသော လူတစ်ယောက်ကြောင့် ယံယံ ပြောလက်စဖုန်းကိုပင် ဆက်မပြောနိုင်တော့ပါ။

ဆယ်နှစ်လောက် မတွေ့ခဲ့ရသည့်လူဆိုပေမဲ့ ယံယံ့ဘဝမှာ မမှတ်မိနိုင်စရာအကြောင်း မရှိသည့်လူ။ နဂိုကတည်းက ဖြူသည့်အသားအရေက အခုပိုပြီးတော့တောင် ဖြူလာသလိုထင်ရသည်။ ဆံပင်ပုံ ပြောင်းလဲသွားသလို အဝတ်အစားကလည်း အနည်းငယ်လူကြီးဆန်နေ၏။ ခန္ဓာကိုယ်က ပိုပြီးကြည့်ကောင်းလာပေမဲ့ မျက်နှာမှာတော့ အပြုံးချိုချိုလေးမရှိတော့။

ဘာတွေဘယ်လိုပြောင်းလဲသွားပါစေ ။ဒီလူက တစ်ချိန်က သူ့ရဲ့ ဉာဏ်လင်းထင် ပါပဲ။ သူ့ကိုမြင်တာနှင့် ချက်ချင်းလှည့်ထွက်ဖို့ ပြင်လိုက်တဲ့အထိ ဖြစ်သွားသည့်မျက်နှာပေါ်က နာကျင်မှု အရိပ်အယောင်တွေကိုတော့ ယံယံ ကောင်းကောင်းဖတ်လိုက်မိပါသည်။

" ဟာ...ရေခဲမုန့်က သားသားကိုပေးလေ "

ရှေ့ဆင့်နောက်ဆင့် ထွက်လာသော စကားနှစ်ခွန်းကြောင့် ဉာဏ့်ခြေလှမ်းတွေ ရှေ့မဆက်ဖြစ်တော့ပါ။ ဘယ်လောက်ပဲ နာကျင်ရပါစေ။ သူက အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားလေးမှ မဟုတ်တော့ဘဲ။ အမြဲတမ်း ထွက်ပြေးနေလို့ မဖြစ်တော့ဘူး မဟုတ်လား ။

" အင်း ... တစ်လလောက်ရှိပြီ "

ယံယံမေးတာကိုဖြေရင်း လက်ထဲမှာကိုင်ထားသည့်ရေခဲမုန့်ကို ပေးတော့ ကလေးငယ်လေးက ချစ်ဖို့ကောင်းအောင် ပြုံးပြလာသည်။

" ဒီမှာပဲနေတော့မှာလား ...ပြန်သွားဦးမှာလား "

" ပြန်မှာပါ ...လောလောဆယ်တော့ ဒီမှာ နေဦးမှာ "

တကယ်ဆို ဉာဏ်အပြီးပြန်လာခဲ့တာ။ ဒါပေမဲ့ သည်အကြောင်း ယံယံ့ကို မသိစေချင်ပါ။

" ဪ ... ဟိုမှာ အဆင်ပြေလား ...အစစအရာရာပေါ့ "

" ပြေပါတယ် ...နေကောင်းကြလား အန်တီတို့ရော "

" ကောင်းတယ် ...အခုတောင် သူတို့ဆီသွားမလို့... ငါတို့က သက်သက်ခွဲနေတာ "

My Youth Was Yours  ( Completed )Where stories live. Discover now