11. The days without you

1.1K 92 4
                                    

( Uni )

" In other words, I love you "

သည်နေ့မှ ကန်တင်းက ထမင်းစားနေသည့်အချိန်တိုက်တိုက်ဆိုင်ဆိုင် Fly Me To The Moon သီချင်းဖွင့်ထားသဖြင့် နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိကြသည်။ တခြားသူတွေကတော့ သူတို့ဘာကြောင့် ပြုံးလဲ နားလည်ချင်မှ နားလည်လိမ့်မည် ။

ထို့နောက် ယံယံက ထမင်းစားနေတာကို ခဏရပ်ကာ

" ဉာဏ် ... ငါ့ကို ဒီနေ့ညနေ အတန်းပြီးရင် မစောင့်နဲ့...ငါသွားစရာရှိလို့ "

" ဘယ်သွားမှာလဲ ... ငါလိုက်ပို့မယ်လေ "

အမြဲတမ်းအတူသွားနေကြကို အခု တစ်ယောက်တည်းသွားမည့်ပုံစံ ပြောလာသဖြင့် ဉာဏ် အံ့ဩသွား၏ ။

" ရတယ် ... ထားဝယ်က သူငယ်ချင်းနဲ့ ချိန်းထားလို့ "

ယံယံရဲ့ ထားဝယ်က သူငယ်ချင်း ဒီရောက်နေတယ်ဆိုတာ ဉာဏ် တစ်ခါမှပြောသံမကြားဖူးပါ ။ မဆက်စပ်မိ၍ မပြောဖြစ်တာဆိုရင်တောင် အခု ဉာဏ့်ကိုရော ခေါ်သွားလို့ရတာပဲ မဟုတ်ဘူးလား ။

" သူငယ်ချင်းမဟုတ်ဘူးရယ်  ... အဲ့ဒါ သူငယ်ချစ်ဦး "

" မနေ့က မင်းကိုလာရှာတဲ့ကောင်မလေးမို့လား ... ဘယ်သူလဲလို့ ငါတို့မေးတာ မဖြေဘူးလေ "

" ချစ်စရာလေးကွာ .... ခဏလေး လှမ်းမြင်လိုက်တာတောင် တော်တော်လှတာ သိသာတယ် .... ဒါမျိုးကျ ပိုင်ဇေက ငါတို့ကိုလျှိုထားတာ ဟျောင့်တွေရေ ....မင်းရော မြင်ဖူးလား ဉာဏ် "

အားမာန်နှင့် သူရိန်တို့ ပြောနေတာတွေကို ဉာဏ် ဘာတစ်ခုမှ နားမလည်ပါ။ ယံယံ့ကို ကြည့်လိုက်တော့ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိသော မျက်နှာဖြင့် ကြောင်အမ်းအမ်းဖြစ်နေသည်။

" ငယ်ငယ်ကတည်းက ကျောင်းပိတ်တာနဲ့ ထားဝယ် မပြန်ရ မနေနိုင်တာ အဲဒါလေးရှိလို့မို့လား ယံယံ "

အားမာန်မေးတာကို မဖြေသေးဘဲ ယံယံက ဉာဏ့်ကိုတစ်ချက်ကြည့်ပြီး ခေါင်းတွင်တွင်ခါပြ၏။ သော်ဇင်ကတော့ သူတို့နှစ်ယောက်ကိုပဲ တစ်လှည့်စီအကဲခတ်နေသည် ။

" မဟုတ်တာတွေ လျှောက်မပြောကြစမ်းပါနဲ့ကွာ ....ဒီတိုင်း ရိုးရိုး သူငယ်ချင်းပါ "

My Youth Was Yours  ( Completed )Where stories live. Discover now