19. Have you ever loved me ?

1.5K 127 14
                                    

( Uni )

Flashback

ယောက်ျားခန္ဓာကိုယ်ထဲကို မှားယွင်းပြီးရောက်လာတဲ့ မိန်းကလေး... ။

ဘုရားသခင်ရဲ့ ဖန်ဆင်းမှုမှာလည်း အလွဲအချော်တွေရှိတတ်တယ်ဆိုတာ သူ့ဘဝနှင့်လက်တွေ့ အထွေး သိခဲ့ရသည်။ တဖြည်းဖြည်းအရွယ်ရောက်လာလေ မိန်းကလေးတစ်ယောက်လိုပဲ နေထိုင်ချင်လာလေ။ယောက်ျားပီပီ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ရဖို့ဆိုပြီး အဖေနှင့်အစ်ကိုတွေ ခိုင်းသည့် လေ့ကျင့်ခန်းတွေလည်း မလုပ်ချင်ပါ။

သူကမှ မိန်းကလေးလေ။ သူ့ကိုယ်သူမှန်ထဲကြည့်တိုင်းလည်း မိန်းကလေးတစ်ယောက်လို့ပဲမြင်သည်။ သူတင်မဟုတ် တော်တော်များများကလည်း သူ့ကိုမြင်လျှင် မိန်းကလေးပဲ ထင်ကြသည်။

ငယ်ငယ်ကတည်းက လူတွေက အထွေးကို ''လှလိုက်တာ မိန်းကလေးထင်နေတာ ''ဟုပြောလျှင် သူကမိန်းကလေးလေဆိုပြီး ရှင်းပြချင်သည်။

ဒီအကြောင်းတွေကို အထွေး ပထမဆုံး ပြောပြမိသူက အထွေးရဲ့တစ်ဦးတည်းသောသူငယ်ချင်း ယံယံပါ။

ခြောက်တန်းစာမေးပွဲအပြီး ကျောင်းပိတ်လို့ ယံယံ ထားဝယ်ကိုပြန်လာသည့်အချိန်.... ။ ယံယံ ယူလာသည့် ဘောလုံးကို ဘေးမှာချပြီး မောင်းမကန်ကမ်းခြေမှာ သူငယ်ချင်းနှစ်ယောက် နေဝင်ချိန်ကို ထိုင်ကြည့်ကြရင်း ။

" ငါ ယောက်ျားလေးမဖြစ်ချင်ဘူး ယံယံ "

ယံယံက အထွေးကို ဘာမှမပြောဘဲ အသာကြည့်နေခဲ့သည်။

" ငါက မိန်းကလေး ... ငါ မိန်းကလေးလိုပဲ ဝတ်ချင်စားချင်တယ် ယံယံ ... ငါ ဘာလို့ ယောက်ျားခန္ဓာကိုယ်ထဲ ရောက်နေရတာလဲမသိဘူးဟာ ... ငါ အရမ်းစိတ်ညစ်တာပဲ ... တစ်ခါတလေဆို အသက်တောင် ဆက်မရှင်ချင်တော့ဘူး "

အဲဒီအချိန်တွေတုန်းက အထွေးကို စိတ်မညစ်စေချင်တာကလွဲပြီး ဘယ်လိုစကားလုံးမျိုးနှင့် ပြန်နှစ်သိမ့်ပေးရမှန်း ယံယံ မသိခဲ့ပါ။

" လာ ငါနဲ့လိုက်ခဲ့ အထွေး "

ယံယံက အထွေးလက်ကိုဆွဲပြီး အဝတ်အစားရောင်းသည့် ဆိုင်တစ်ဆိုင်ထဲကို ခေါ်သွားကာ ဂါဝန်တစ်ထည် ဝယ်ပေးသည်။

My Youth Was Yours  ( Completed )Where stories live. Discover now