16. How could I tell you that I need you?

1.4K 125 15
                                    

( Uni )

" ငါ မင်းနဲ့ သူငယ်ချင်းပြန်ဖြစ်ချင်တယ် "

အိပ်တော့မည်ဆိုမှ ဖုန်းထဲမှာ ဝင်လာသည့် စာတစ်စောင်။ နာမည်မှတ်မထားပေမဲ့ ဖုန်းနံပါတ်မြင်ရုံဖြင့် ဘယ်သူ့ဆီကလဲဆိုတာ ဉာဏ် စဉ်းစားနေစရာမလိုပါ ။

သူငယ်ချင်းတဲ့လား။
သူတို့နှစ်ယောက်ကြား ဖြစ်ခဲ့သမျှအားလုံးကို မေ့ထားပြီး သူငယ်ချင်းတွေလို ဆက်ဆံရမည်တဲ့လား။

ဒီတစ်သက်တော့မဖြစ်နိုင်တော့ပါ။ ယံယံ့ဘက်က ဖြစ်နိုင်မည်ဆိုလျှင်တောင် ဉာဏ့်ဘက်ကတော့ သူငယ်ချင်း ပြန်မဖြစ်နိုင်တော့ပါ ။ ဉာဏ်  တစ်ခါတည်း ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ဖုန်းနံပါတ်ကို block list ထဲ ထည့်လိုက်သည်။

ယံယံ့ကြောင့် ဒီည ဉာဏ် အိပ်ပျက်ရဦးမည် ။

*****

" ဒယ်ဒီ "

သည်ကနေ့စနေနေ့မို့ ကုမ္မဏီမသွားရသဖြင့် ဉာဏ် အပြင်သွားပြီး ဈေးဝယ်ဖို့ စိတ်ကူးနေစဉ် လူခေါ်ဘဲလ်သံကြောင့် ယံယံတို့သားအဖ မဟုတ်ပါစေနှင့်ဟု ဆုတောင်းမိပေမဲ့ ဆုတောင်းမပြည့်ခဲ့ပါ။

" ဒယ်ဒီစားဖို့ သားသား မုန့်ဝယ်လာတယ် "

လက်ထဲက မုန့်ထုတ်လေးကို မြှောက်ပြပြီး Danielလေးက ချစ်စဖွယ်နှုတ်ဆက်လာ၏။ ကလေးတစ်ယောက်၏ ဖြူစင်သည့်အပြုံးက ဉာဏ့်မနက်ခင်းကို ဒီလောက် သာယာကြည်လင်စေမှန်း ဉာဏ်အရင်က မသိခဲ့ပါ။ Danielအဖေသာ တခြားတစ်ယောက်ဆို အခုအချိန်မှာ ဉာဏ် Danielကို ကောက်ချီပြီး နမ်းပြီးပြီ။

Danielနောက်မှာတော့ ဦးထုတ်ဆောင်း၊  Mask တပ်ထားသည့်အပြင် မျက်မှန်အနက်ပါတပ်ထားပြီး မျက်နှာတစ်ခုလုံး ဖုံးကွယ်ထားသည့် တစ်စုံတစ်ယောက်။

ဒါပေမဲ့ ဒီလူ ဘယ်သူလဲဆိုတာ ဉာဏ် စဉ်းစားနေစရာမလို။ ပိုင်ဇေယံက ဘာတွေကြံစည်လာပြန်ပြီမှန်းမသိ။

" မင်းက ငါ့ကိုမတွေ့ချင်ဘူးဆိုလို့ ...အခု ငါ့မျက်နှာကို မမြင်ရဘူးမလား  "

" မင်းတို့ ငါ့ဆီ ဘာလာလုပ်ပြန်တာလဲ  "

" ငါလာချင်လို့ မဟုတ်ဘူး ... မနေ့ညနေကတည်းက ဒီကောင်က မင်းဆီလိုက်ပို့ခိုင်းနေတာ ....ပြောလိုက် Daniel... မင်း လာချင်လို့ဆိုတာ "

My Youth Was Yours  ( Completed )Where stories live. Discover now