6.Life is like a ferris wheel

1.4K 112 15
                                    

( Uni )

" Happy Birthday ယံယံ "

မနက် ခုနစ်နာရီခွဲရှိသေး ဉာဏ်တစ်ယောက် ယံယံ့အခန်းထဲရောက်လာပြီး မွေးနေ့ဆုတောင်းပေးပေမဲ့ အိပ်ရာပေါ်ကလူက တုတ်တုတ်မှတောင် မလှုပ်သေးပေ။

" ပိုင်ဇေယံ... ထတော့ "

" ဟာ ... ဘာလို့လဲ ... အစောကြီးရှိသေး... သူများအိပ်နေတာကို "

မျက်လုံးတွေဖွင့်မကြည့်ဘဲ အိပ်ချင်မူးတူးလေသံဖြင့် ညီးညီးညူညူပြောနေသည့် မွေးနေ့ရှင်ကိုဉာဏ် မရမက လှုပ်နှိုးလိုက်ပြီး

" ထပါဆို... ဒီနေ့ မင်းမွေးနေ့လေ "

" ငါ့မွေးနေ့လဲ တစ်နေ့လုံး အချိန်ရသေးတာပဲ... ပြီးတော့ ငါက ညမှမွေးတာတဲ့... အဲဒါမို့ အခုအိပ်ဦးမယ် "

" ဘာနေနေကွာ... ထပါဆို ပိုင်ဇေယံ... ငါတောင် ထလာသေးတာကို မင်းက "

" လာ မင်းလဲ ခဏပြန်အိပ် "

သူ့ကိုပါ ပြန်အိပ်ခိုင်းနေသူကို လက်မောင်းကနေ အတင်းဆွဲထူပြီး မျက်လုံးနှစ်ဖက်ကိုပါ သူ့လက်ဖြင့် အတင်းဖြဲဖွင့်‌လိုက်သည်။

" မအိပ်နဲ့တော့လို့ ကောင်လေး... ပြောရဆိုရ မခက်စမ်းနဲ့ "

နောက်ဆုံးတော့ ဆက်အိပ်လို့လည်း မ‌ရတော့သည့်အတူတူ ယံယံ လက်လျှော့လိုက်ရတော့သည်။

" ငါ့ကို ဘာလက်ဆောင်ပေးမှာလဲ "

" သိချင်ရင် ရေမြန်မြန်ချိုး ... အရင်ဆုံး ငါ မင်းနဲ့သွားချင်တဲ့နေရာ ရှိတယ် လုပ် "

" ဘယ်သွားမှာလဲ "

" ဘုရားကြီး "

" ဟွန့်.... ဘယ်ပါလိမ့်လို့... မရောက်ဖူးတာလဲ မဟုတ်ဘဲနဲ့ "

" မွေးနေ့ပါဆို ဘုရားအရင်သွားရမှာပေါ့ ...လုပ်လုပ် .. ရေမြန်မြန်ချိုးပြီး မြန်မြန်ဆင်းလာခဲ့.... ငါ အောက်ထပ်က စောင့်မယ် "

အန်တီသီတာပြင်ပေးသည့် ကော်ဖီနှင့် ပေါင်မုန့်မီးကင်ကိုစားပြီး ဉာဏ်ထိုင်စောင့်နေရင်း မိနစ်နှစ်ဆယ်လောက်နေတော့ ယံယံလည်း ဆင်းလာသည်။

" Happy Birthday မေ့သားလေး... ကော်ဖီသောက်သွားဦး "

" မသောက်တော့ဘူး ... ဉာဏ် မင်း ငါ့ကို လမ်းကျ မုန့်ဝယ်ကျွေးရမှာနော် ... အစောကြီးလာနှိုးပြီး "

My Youth Was Yours  ( Completed )Where stories live. Discover now