1

1.6K 120 15
                                    

Cheers!!!!!!

ညစာစားပွဲတခုရဲ့ စင်မြင့်ပေါ်ကနေ ထိုပွဲရဲ့အရေး ကြီးဆုံးပုဂ္ဂိုလ်က ဝိုင်ခွက်ကိုမြောက်လို့ သြဇာအာဏ အပြည့်ဖြင့် အသံပါဝါကောင်းကောင်းနဲ့ အော်လိုက်တဲ့ အသံနောက် ပွဲတခုလုံးကတက်ရောက်လာကြတဲ့ ဂုဏ်သရေရှိနာမည်ကြီး လုပ်ငန်းရှင်သူဌေးတွေရဲ့ အသံဟာလည်း ခန်းမကြီးတခုလုံးကိုဟိန်းထွက်သွားတော့သည်...

ဒီပွဲဟာ Jeon Group ကြီး တည်ထောင်လာတာ နှစ်50 ပြည့်အထိမ်းအမှတ်ပွဲတခုပဲဖြစ်ပါသည်. Jeon Group ဆိုတာနဲ့ လက်ညိုးထိုးမလွှဲအောင် ကိုရီးယားနိုင်ငံတခုလုံးမှာ သူတို့ပိုင်ဆိုင်တဲ့ Hotel. Hospital. Shopping Mall . ကစား ကွင်းတွေပါ မကျန် Jeon Group ရဲ့ပိုင်ဆိုင်မှုက ကြီးမားသည်..

နှစ် 50 ပြည့်အထိမ်းအမှတ်ပွဲအပြင် သူ၏ အငယ်ဆုံးသား Jeon Jungkook ကို Hotel ပိုင်းကိုအုပ်ချုပ်ဖို့လက်လွှဲပေးပြီးတဲ့အနေနဲ့ ဂုဏ်ပြုပွဲလုပ်ခြင်းလည်းဖြစ်သည်..

ဥက္ကဌကြီး Jeon ကနေ လက်ဆင့်ကမ်းလာတာ တဦးတည်းသောသား ယခုလက်ရှိ ဥက္ကဌကြီး Jeon Jungmin ရဲ့ လက်ထက်မှာတော့ အစမတန်ကြီးမားလာခဲ့တဲ့ Jeon Group.. ဥက္ကဌကြီး Jeon Jungmin ပြီးရင် ဆက်ခံမယ် သားက ဥက္ကဌကြီးမှာ အဖိုးတန်သားသုံးယောက်ရှိသည်..Hospital ပိုင်းကိုဦးစီးမယ့် အကြီးဆုံးသား Jeon Yoongi .Shopping Mall နဲ့ ကစားကွင်းတွေကို ဦးစီးမယ် သားအလတ်  Jeon Hoseok. Hotel ပိုင်းကို ဦးစီးမယ့် အငယ်ဆုံးသား Jeon Jungkook..

သားသုံးယောက်လုံးက နိုင်ငံခြားမှာသာပညာ သင်ကြားလာကြပြီး အရည်အချင်းကလက်ဖျားခါလောက်အောင်တော်ကြသလို ရုပ်ရှည်ရှုပကာကလည်း မင်းသားရှုံးလောက်ပြီး ငွေကြေးချမ်း သာမှုကလည်း ဆယ်ဘဝလောက် အသာလေးထိုင်ဖြုန်းနေလို့ရတဲ့အနေအထားမျိုးဆိုတော့ သားမတ်တော်ချင်ကြတဲ့ သမီးရှင်တိုင်းဝိုင်းဝိုင်း လည်နေတာမဆန်း

ပွဲကြီးထဲ ညီကိုသုံးယောက်က သူဆိုင်ရာပိုင်ရာလုပ်ငန်းရှင်တွေနဲ့စကားပြောနေကြသည်..ထိုအချိန် Jungkook က သူ့အသိမိတ်ဆွေတယောက်ကို နှုတ်ဆက်ရန် ထွက်အလာမှာ ပွဲတက်ဂါဝန်အနက်ရောင်ကိုဝတ်ဆင်ထားပြီး အညိုရောင်ဆံပင်အကောက်ကကျောလယ်လောက်အရှည်ရှိတဲ့ အမျိုးသမီးတယောက်ကလည်း ဟိုကြည့်ဒီကြည့်နဲ့ ဝိုင်ခွက်လေးကိုင်ကာ လျှောက်လာရင်း လူတယောက်က စကားပြောရင်းနောက်ဆုတ်လိုက်ချိန် ထိုအမျိုးသမီးကို မမြင်မိလို့မတော်တဆတိုက်မိလို့သွားသည်..

𝙾𝚗𝚕𝚢 𝚄 Tahanan ng mga kuwento. Tumuklas ngayon