12

675 100 23
                                    

Jungkook ပြောတဲ့စကားကို မသိချင်ယောင်ဆောင်ကာ ရှေ့သို့သာဆက်လျှောက်လာလိုက်တော့ အနောက်ကနေအားဆိုတဲ့အော်သံကိုကြားလိုက်ရသည်နှင့် အနောက်ကိုပြန်လှည့်ကြည့်မိပြန်သည်..

" အားးးးး Tae Taehyung ငါ ငါခြေထောက်မှာ "

ဆေးရုံဘောင်းဘီပါးပါးလေးကိုမထားကာ လက်ညိုးထိုးပြနေတဲ့နေရာကိုကြည့်လိုက်တော့ ခြေသလုံးနားမှာတွယ်လို့နေတဲ့မျော့..

Taehyung လက်ထဲက ပစ္စည်းတွေချကာ Jungkook နားသွားလို့ အနားကသစ်ရွက်တခုကိုယူကာ ခြေသလုံးမှာတွယ်ကပ်နေတဲ့မျော့ကိုဆွဲခွာတော့တော်တော်နဲ့မကွာ Taehyung မှာလက်တဖက်ကခြေသလုံးကိုထိန်းကိုင်လို့ အခြားတဖက်ကမျော့ကိုကိုင်ကာအားနဲ့ဆွဲခေါ်လိုက်တော့မှ မျော့ကကွာသွားပြီး Taehyung လက်ထဲပါသွားတော့သည်..

လက်ထဲကမျော့ကိုအဝေးသို့ပစ်လိုက်ပြီး ကိုက်ခံထားရလို့သွေးထွက်နေတဲ့နေရာလေးက သွေးလေးတွေစို့နေသေးတာကို လက်ညိုးကိုတံတွေးတို့လို့သုတ်ပေးလိုက်တဲ့ Taehyung..ပြီးတာနဲ့ ချက်ချင်းထထွက်သွားတော့အနောက်ကနေ ပြေးလိုက်လာတဲ့ Jungkook

" Taehyung မင်းခုဏလုပ်ပေးတာကလေ ငါငယ်ငယ်ကအဘွားက အကောင်ကိုက်ရင်အဲ့လိုပဲတံတွေးစွပ်ပေးတာနဲ့တူတယ် "

Taehyung လမ်းလျှောက်နေရာကနေရပ်လိုက်ပြီး ဘေးကJungkook ကိုလှည့်ကြည့်လိုက်​တော့သူ့ကိုပြုံးပြီးပြောနေပုံလေးကို Taehyung ခဏမျှကြည့်နေမိပြီးမှ

" CEO အိမ်ပြန်ပါ ဒီလိုနေရာက CEO လို သူဌေးသားတယောက်လာရမယ်နေရာမဟုတ်ပါဘူး "

" မပြန်ဘူး "

" CEO! "

" အာ့ ခုဏအကောင် ခြေထောက်ကသွေးတွေဘယ်လောက်တောင်စုပ်သွားလည်းမသိဘူး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူး Taehyung မင်းအိမ်ကဘယ်မှာလည်း ငါနားမှဖြစ်​​တော့မယ် ငါနေလို့လည်းမကောင်းသေးဘူး မင်းလိပ်စာသိရရခြင်းငါတညလုံးကားမောင်းပြီးထွက်လာတာ ဒီမှာမင်းမြင်တယ်မဟုတ်လား.ငါဆေးရုံအကျီတောင်မလဲရသေးဘူး "

"ဘယ်သူကလာခိုင်းလို့လည်း ဘာလို့လာလည်း!! "

အရင်က Taehyung မဟုတ် အလုပ်သမားနဲ့အလုပ်ရှင်လည်းဟုတ်မနေတာကြောင့် Taehyung ငေါက်တာကိုခေါင်းလေးငုံ့ကာနားထောင်နေရင်း တိုးတိုးလေးပြန်ဖြေကာ မျက်လုံးလေးလှန်ကြည့်နေတဲ့ Jungkook

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now