11

595 98 27
                                    

"Taeri"

အနောက်ကခေါ်လိုက်တဲ့အသံကြောင့် Taeri အရုပ်ခေါင်းကိုခေါင်းမှာပြန်စွပ်ဖို့လုပ်ချိန်အနောက်ကနေ အရုပ်ခေါင်းကိုဆွဲယူလိုက်တဲ့ Jungkook..Taeri အနောက်သို့လှည့်ကာ Jungkook ကိုကြည့်လာတဲ့မျက်ဝန်းတွေက မျက်သားလေးတွေရဲလို့နေသည်..

" Taeri ဟင့်အင်း Taehyung "

" မဟုတ်ဘူး ငါက Taeri နင် Taehyung ကိုတွေ့ချင်တာဆိုမနက်မှလာ သူမနက်မှအလုပ်ဆင်းမှာ"

ငိုချင်နေတဲ့မျက်ရည်တွေကိုထိန်းကာ စိတ်ကိုတင်းလို့ Taeri ကသူ့ပုံစံအတိုင်း ခက်ပျက်ပျက်သာ Jungkook ကိုပြန်ပြောလိုက်ပြီး Jungkook လက်ထဲကအရုပ်ခေါင်းကိုယူကာ ခေါင်းမှာစွပ်လို့ Jungkook ကိုနှုတ်ဆက်ကာလှည့်ထွက်သွားတဲ့ Taeri..

Jungkook တယောက်ဆိုင်နဲ့မလှန်းမကန်းလေးနားမှာ မက်တက်ရပ်လျက်ကြီးကျန်နေခဲ့တော့ သည်..

Jungkook pov: ငါပဲနားမလည်တာလား မင်းတို့နှစ်ယောက်ကခုထိ တယောက်ထဲလား.နှစ်ယောက်လား ငါလုံးဝစဥ်းစားမရတော့ဘူး

ဘာမှဝေခွဲမရကာ ထွက်သွားတဲ့လှုပ်စိလှုပ်စိအရုပ်လေးကိုခဏလောက်လှမ်းကြည့်နေပြီးမှသာ လှည့်ပြန်လာခဲ့တဲ့ Jungkook..

" ငါ့သားဒီရက်တွေအပြင်မသွားပါလား "

" စိတ်မပါလို့ပါ "

Jungkook တိုတိုနဲ့လိုရင်းသာပြောပြီး အပေါ်သို့တက်သွားတာကိုအောက်ကနေလိုက်ကြည့်နေမိသေးတဲ့ အမေဖြစ်သူ..အနောက်ကနေရောက်လာတဲ့ ကိုကြီးyoongi

" အမေ အမေ့သားဘာဖြစ်နေတာလည်း "

" မင်းညီကြည့်ရတာ အချစ်နာကျနေသလိုပဲ ဟိုမိန်းကလေးကများငြင်းလိုက်လို့လား တခါမှ အဲ့လိုမျက်နှာ အဲ့လိုအားလျော့နေတဲ့အသံမျိုး မင်းညီတသက်မကြားဘူးပါဘူး အမြဲတက်ကြွနေတဲ့ကလေးလေးက ခုတော့တကယ်ကိုနွမ်းလျနေတယ်သားကြီး"

" ငယ်သေးလို့ပါကြီးလာရင်အဆင်ပြေသွားလိမ့်မယ်အမေ စိတ်ပူမနေနဲ့ "

" ဘယ်သူ ဘာဖြစ်လို့လည်းကိုကြီး "

" မင်းညီဖြစ်နေတာ အလတ်ကောင်ရေ "

" Jungkook ဘာတွေလုပ်ပြန်ပြီလည်း "

" လုပ်နေတာမဟုတ်ဘူးသားလတ် သားငယ်လေးက အချစ်နာကျနေသလိုပဲ မလန်းဆန်းဘူး "

𝙾𝚗𝚕𝚢 𝚄 On viuen les histories. Descobreix ara