7

713 94 27
                                    

" Kim Taehyung နင်ဒီရက်ပိုင်းအလုပ်ကိုဘာလို့အစောကြီးသွားနေတာလည်း ကြည့်နေတာ လော လောလောလောနဲ့ အိမ်အလုပ်တွေလုပ်အုံး ယောကျားလေးမွေးထားတယ် ဘာမှခိုင်းစားကိုမရဘူး "

" တနေကုန်တနေကန်း မနားပဲအလုပ်လုပ်နေတာ ဘာမှခိုင်းစားမရဘူးဆိုတော့ အမေ သားဘာတွေထပ်လုပ်ရအုံးမှာလည်း "

" ရှည်ပြန်ပြီ ငါပြောရင်လုပ်လိုက်ပေါ့ နောက်နေ့တွေ မနက်တိုင်းနင့်အဘွားအကျီတွေပဲလျှော်မနေနဲ့ ငါအကျီတွေပါလျှော်ပြီးလှမ်းသွား "

" ဟုတ်ကဲ့ ဟုတ်ကဲ့ ခုတော့သွားတော့မယ် "

ပညာလေးတခုရဖို့ကိုယ့်အားကိုယ်ကိုးပြီးတက်ခဲ့ရတဲ့ Taehyung.တက္ကသိုလ်တခုကနေဘွဲ့ရဖို့ နေမအိပ်ညမအိပ် အလုပ်လုပ်ပြီးကျောင်းတက်ခဲ့ရလို့ ခုလိုလူလိုသူလို ဟိုတယ်ကောင်းကောင်းမှာအလုပ်ဝင်နိုင်တာ..မဟုတ်ရင်ခုချိန်လောက်ဆို တောက်တိုမယ်ရဘဝနဲ့သာလက်ဆုတ်လက်ကိုင်မရှိပဲ အဘွားကိုလည်းဆေးကုပေးနိုင်မှာမဟုတ်ဘူး..

နားကြပ်လေးတက်လို့ ကားဂိတ်မှာကားထိုင်စောင့်နေတဲ့ Taehyung.. သူ့ဟိုတယ်ရောက်တဲ့ Bus လာတော့ကားပေါ်တက်ကာ နောက်ဆုံးခုံလေးမှာသွားထိုင်ဖို့လုပ်တော့ သူထိုင်နေကြခုံမှာ လူတယောက်ထိုင်နေတာနဲ့ အခြားတဖက်ရဲ့ထောင့်မှာ ပြောင်းထိုင်ဖို့အလုပ် ထိုလူစီက လှမ်းခေါ်တဲ့အသံကိုကြားလိုက်ရသည်..

" Taehyung "

သူ့နာမည်ကိုခေါ်လိုက်ပေမယ့် တချက်ကြည့်ကာ မျက်နှာလည်းမမြင်ရတာနဲ့ မသိချင်ယောင်ဆောင်ကာ အခြားခုံမှာထိုင်မယ်ကျန်ပြန်တော့

" Taehyung ငါလေ Park Jimin "

သူ့ကိုမော့ကြည့်ကာ အသံတိုးတိုးလေးနဲ့ပြောပြီး mask ကိုအသာလေးချွတ်ပြတော့ mask အောက်ကမြင်လိုက်ရတဲ့ မျက်နှာကြောင့် Taehyung မှာမျက်လုံးလေးပြူးသွားသည်.

" ဘယ်လိုလုပ် ဒီလို "

" ငါ့နားလာထိုင် "

Taehyung မှာ Jimin ဘေးနားကပ်ထိုင်လိုက်ပြီး အံံ့သြစွာလှည့်ကြည့်နေမိသည်..

" ဘယ်လိုလုပ်ခုလို Bus ကိုစီးရတာလည်း ဧည့်သည်"

" ဒါကမင်းဟိုတယ်မို့လို့လား ငါ့ကိုဧည့်သည်လို့ခေါ်ရအောင် "

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now