3

878 92 18
                                    

ဒါလေးကို စိတ်ချလက်ချဖတ်ပါနော်
မဟုတ်တာဘာမှမရေးထားဘူး
ဟုတ်တာလည်းမရေးထားဘူး ဟီးဟီး

စတာ ပုံစံကမတင်မကျတမျိုးလေးဖြစ်နေပေ
မယ့် ကျွန်မကိုယ်တိုင်က sensitive သမားမို့ စိတ်ချပြီးဖတ်ပါလို့ပြောပါရစေ 🙏

.....

ညနေမှာကျင်းပမယ့် မဂ်လာပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေကြသည်..နာမည်ကြီးသူဌေးသားနဲ့သူဌေးသမီးရဲ့ မဂ်လာပွဲကြောင့် သူဌေးသမီးကြိုက်တဲ့ အနီရောင်နှင်းဆီပန်းတွေဖြင့် ခန်းမတခုလုံးအလှဆင်နေကြသည် ဟိုတယ်ရဲ့ပန်းအလှဆင်အဖွဲ့ ၊ မီးအလင်းရောင် အလင်းအမှိန်တွေကိုလည်းသေချာပြင်ဆင်နေတဲ့ ဟိုတယ်ရဲ့မီးသမားအဖွဲ့ ၊ စားသောက်ဝိုင်းတွေကိုပြင်ဆင်နေရတာက Taehyung တို့ Housekeeping အဖွဲ့သားတွေဖြစ် သည်...

မနက် Hotel ကိုရောက်လာတာနဲ့ အပြင်အဆင်ပိုင်းကိုအရင်စစ်ဆေးဖို့ထွက်လာခဲ့တဲ့ Jungkook ဒါကသူပထမဆုံးအလုပ့ဝင်ရတဲ့နေ့ဖြစ်သလို ပထမဆုံးဦးစီးရတဲ့ပွဲလည်းဖြစ်သည်..အဖေစီမှာ အမှတ်ရဖို့သေချာကြိုးစားရမယ်လေ..အကိုတွေကအရမ်းတော်သလိုသူလည်းတော်ကြောင်းပြရတော့မှာပေါ့..

ခန်းမထဲဝင်လာကာ နေရာစုံသေချာလိုက်စစ်ဆေးကာ ညွှန်ကြားစရာရှိတာညွှန်ကြားပြီး အသေးစိတ်ကအစသေချာလေးစစ်ဆေးနေသလို ပွဲရဲ့တာဝန်ခံမန်နေဂျာဖြစ်သူကိုလည်း လိုလေစေ့မရှိအောင်မှာကြားနေသည်..အဝတ်တွေထည့်တဲ့လှည်းထဲစားပွဲခင်းတွေထည့်ကာ တွန်းလာပြီး အခန်းတွင်းသို့ဝင်လာတဲ့ Taehyung..
နေရာတိုင်းက စားပွဲတွေပေါ် စားပွဲခင်းတွေကို သေချာလေးခင်းကာ မညီညီအောင်ညှိနေသည်..
အလုပ်ပေါ်မှာသေချာစေ့စေ့စပ်စပ်လုပ်နေပုံကို အဝေးကနေလှမ်းကြည့်နေတဲ့ Jungkook.

နေရာစုံ ခင်းကျင်းရင်း သူ့အနားကစားပွဲနားကိုရောက်လာတဲ့ Taehyung..သူ့ကိုမြင်တော့ သူဌေးတယောက်ကိုအရိုအသေပေးသလို ခါးလေးကုန်းကာခေါင်းလေးငုံ့လို့ ရိုကျိုးစွာနှုတ် ဆက်ပြီး သူခင်းစရာရှိတဲ့စားပွဲကိုသာဆက်ခင်းနေသည်..

နီးကပ်လာလေ ပိုသိသာလေ နီးကပ်လာလေ ပိုတူနေတာကြောင့် Jungkook မှာအလုပ်ထဲစိတ်မပါတော့ သူ့ရဲ့ရှေ့က Taehyung ကိုသာကြည့်နေမိသည်..

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now