16

669 82 63
                                    

" CEO 10နာရီကျရင် ဥက္ကဌကြီခေါ်ထားတဲ့အစည်းအဝေးကိုတက်ရပါမယ် အဲ့တာခုကားအဆင်သင့်ဖြစ်နေပါပြီ "

" ok အတွင်းရေးမှူးKim "

Taehyung က ယူစရာရှိတဲ့ဖိုင်တွဲလေးတွေကိုယူကာ Jungkook ကတော့အရှေ့ကထွက်သွားဖို့လုပ်ချိန် ..

" CEO ခဏလေးပါ "

Taehyung လက်ထဲကဖိုင်တွဲကိုစားပွဲပေါ်ခဏတင်လိုက်ပြီး Jungkook ရဲ့အနားကိုသွားကာ နက်ကတိုင်လေးကိုသေချာပြန်ပြင်ပေးလို့နေသည်..နီးကပ်လှတဲ့အနေအထားတခုမှာ Jungkook ကတော့ရ​င်တွေခုန်လို့ Taehyung ရဲ့မျက်နှာလေးကို မျက်တောင်မခက်ကြည့်နေမိတော့သည်..

" ရပါပြီ CEO သွားရအောင် "

" ခဏလေး ငါလုပ်စရာရှိလို့ မင်းအရင်သွားအခန်းရှေ့မှာခဏလောက်စောင့်နေ "

"ဗျာ ဟုတ်ကဲ့ "

Taehyung ထွက်သွားကာ အခန်းတံခါးပိတ်သွားသည်နှင့် Jungkook တယောက်ရင်ဘက်ကိုဖိကာ အသက်ဝဝရှူလို့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်ကာ နှုတ်ခမ်းလေးကိုဖိပိတ်လို့ ထိုနေရာမှာတင် သုံးလေးခေါက်လောက်လမ်းပက်လျှောက်နေမိသည်.

" ဟူးးးJeon Jungkook စိတ်လျော့ စိတ်လျော့ ဟူးးးချစ်ဖို့ကောင်းလိုက်တာကွာ ဟူးးးးစိတ်လျော့ စိတ်လျော့ အဟင့် အဟင့် "

သူဘာသာစိတ်လျော့ကာ ချောင်းလေးဟန့်လို့အကျီကိုအနည်းငယ်ဆွဲချကာ မျက်နှာကိုအတက်နိုင်ဆုံးမျက်နှာပိုးသက်ကာ အခန်းပြင်သို့ထွက်လာတော့ အခန်းဝမှာသူ့ကို​စောင့်နေတဲ့ Taehyung..

" သွားရအောင် "

ဓာတ်လှေကားထဲရောက်ပြန်တော့ သူ့ရဲ့အနောက်မှာရပ်လို့နေတဲ့ Taehyung ကို ဓာတ်လှေကားတံခါးကနေကြည့်နေမိသေးသည်..ကားပါကင်ရောက်တော့

"CEO ကျွန်တော် ကားမောင်းပေးရမလား CEO အနောက်မှာအေးဆေးလိုက်ခဲ့လို့ရပါတယ် "

Jung pov: ဘယ်လိုလုပ်ရမလည်း အဲ့လိုစီးရမလား ငါကမင်းကို lover side မှာပဲထိုင်စေချင်တာလေ

" CEO အဆင်မပြေလို့လား ရပါတယ် ကျွန်တော်မောင်းတာမစီးရဲဘူးထင်တယ် "

" ရော့ ကားသော့ ငါကမင်းကိုအမြဲယုံကြည်နေသူမို့ မောင်း "

Taehyung Jungkook လှမ်းပေးတဲ့သော့ကိုယူကာရှေ့ကနေလျှောက်လို့သွားပြီး Jungkook အလာကိုစောင့်ကာ ကားတံခါးလေးဖွင့်လို့ထားပေးသည် Taehyung ရဲ့အပြုအမှုလေးတွေသေးသေးလေးကအစသဘောကျနေရတဲ့ Jungkook ကတော့ပြုံးပြုံးကြီးနဲ့သာ ကားပေါ်တက်လို့သွားသည်..

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now