22

763 80 81
                                    

မနက်ခင်းအစောကြီးနိုးနေပြန်ကာ Jungkook အလာကိုစောင့်နေတဲ့ Taehyung မနက် 7နာရီလောက်မှာ အခန်းတဲခါးလေးဖြေးဖြေးခြင်းဟလာတာကိုအထဲကောင်လေးကလည်း Jungkook လာဆိုပြီးမျက်လုံးလေးအဝိုင်းသာနဲ့ကုတင်ပေါ်ကနေကြည့်နေသလို..အပြင်ကကောင်လေးကလည်း Taehyung အိပ်နေရင် နိုးသွားလေမလားဆိုပြီး ဖြေးဖြေးလေးဝင်လာခဲ့တာ..

Taehyung တယောက် ဝင်လာတဲ့သူက Jungkook ဆိုတာလည်းသိရော ကုတင်ပေါ်ကနေဆင်းကာပြေးဖက်လိုက်တော့သည်..ရင်ခွင်ဝင်လာတဲ့ ကိုယ်လုံးလေးကြောင့်အင့်ခနဲတောင်နေသွားသည်..သူ့ရဲ့ရင်ခွင်ကိုမျက်နှာလေးအပ်လို့ ခါးကိုတင်းကြပ်နေအောင်ဖက်ထားတဲ့ Taehyung. ညကသူပြန်မလာလို့များစိတ်မကောင်းဖြစ်နေခဲ့သည်ထင်ပါတယ်..

" ညက ကိုယ်ပြန်မလာနိုင်ခဲ့တဲ့အတွက် ကိုယ်တောင်းပန်ပါတယ် "

" ဟင့်အင်း ရတယ် ပြန်လာပေးတာနဲ့တင်ကျေးဇူးတင်ပါတယ် ဟင့် ညက ညက အရမ်းကြောက်နေခဲ့တာ "

" သူနာပြုကပြောတယ် အမလာတယ်ဆိုတာက "

" ဟုတ် အဲ့တာ "

" တောင်းပန်ပါတယ် ကိုယ်ဂတိမတည်နိုင်ပဲ မင်းကိုပေးခဲ့မိတာ "

" ဆေးရုံဆင်းလို့ရပြီတဲ့ ခုဆင်းမယ်နော် ကျွန်တော်ဒီမှာမနေချင်တော့ဘူး "

ဆေးရုံကနေ Taehyung ရဲ့အိမ်လေးရှ်ိရာစီသို့ Jungkook ဒုတိယအကြိမ်ရောက်လာခြင်းဖြစ်သည် အခုထိတောင်ရှိနေသေးတဲ့ ခေါင်းရင်းကမင်းသားပုံကြောင့် Jungkook ထိုပုံကိုမျက်မှောင်ကျုတ်ကာကြည့်ပြီး

Jung pov:  ခင်များထက် Tae အချစ်ကိုပိုရအောင်လုပ်ပြန်မယ်ကြည့်နေ တနေ့ အဲ့နေရာမှာကျွန်တော်ဓာတ်ပုံပြောင်းကိုပြောင်းသွားစေရမယ်

" CEO ဘာစားမလည်း ဗိုက်စာနေလား နေ့လည်စာကျွန်တော်တခုခုချက်လိုက်မယ် ခဏလေးစောင့်မလား ဒါမှမဟုတ်ဝယ်စားမလား "

" လက်ကသက်သာရဲ့လား Tae ဝယ်ပဲစားလိုက်ကြမလား လက်နာနေမှာဆိုးလို့ "

" သက်သာနေပြီ လက်ကဒီမှာကြည့် "

ဧည့်ခန်းကျဥ်းကျဥ်းလေးကခုံလေးမှာထိုင်နေတဲ့ Jungkook ကို မလှမ်းမကန်းကမီးဖိုခန်းလေးကနေလက်ကိုခါပြနေတဲ့ Taehyung..

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now