17

660 80 81
                                    

အလုပ်နဲ့သူအခုငှားနေတဲ့ အိမ်လေးနဲ့က ကားနှစ်မှတ်တိုင်လောက်စီးရင်ရောက်ပြီ ချွေတာတဲ့အနေနဲ့ Taehyung တယောက်အိမ်ကနေစောစောထွက်ကာ ဟိုတယ်ရှိရာသို့လမ်းလျှောက်ပြီးသားထွက်လာခဲ့တော့သည်..အနောက်ကနေအရင်းအလုပ်တူတူလုပ်ခဲ့တဲ့ Jiwon ဆိုတဲ့သူငယ်ချင်းကအနောက်ကနေTaehyung ရဲ့ပခုံးကိုပြေးဖက်လိုက်သည်..

" Taehyung! Taehyung!"

" အင်း Jiwon "

" မင်းက အတွင်းရေးမှူးဖြစ်သွားတော့ ငါတို့စီတောင်မ​လာ​တော့ဘူး "

" လာဖို့မပြောပါနဲ့ကွာ အတွင်းရေးမှူးလုပ်တာနားချိန်တောင်မရှိဘူးကွ ကိုယ်လုပ်နေကြအလုပ်မဟုတ်တော့အစအဆုံးပြန်သင်နေရတာ ပိုပင်ပန်းတယ် ဒါပေမယ့်လစာများတော့မဆိုးပါဘူး "

" အေးပေါ့အတွင်းရေးမှူးလစာကတော့များမှာပေါ့ ဒါနဲ့ CEO က မင်းကိုဂရုစိုက်သလိုပဲနော် လူငယ်ဆိုတော့တော်သေးတယ်မင်းအတွက်လည်းစိတ်ဖိစီးမှုမများဘူးပေါ့ "

" အင်းဟုတ်တယ် အဲ့တာတော့ CEO က သဘောတော်တော်ကောင်းတယ် နားမလည်တာမှန်သမျှလည်းအကုန်ရှင်းပြတယ်လေ "

" ဒါနဲ့မင်းလမ်းလျှောက်တာက "

" ငါဒီနားကို....."

Taehyung အနောက်သို့လှည့်ကာလက်ညိုးထိုးပြပြီးသူပြောင်းလာတဲ့အကြောင်းပြောမလို့ရှိသေး ကားလမ်းမမှာ ဖြေးဖြေးခြင်းမောင်းနေတဲ့ကား ကားမှန်ဖွင့်ထားတာကြောင့် အထဲကဘယ်သူဆိုနာလည်းမြင်ရသလို သူ့ကိုလည်း မျက် မှောင်ကြီးကျုတ်ကာ လှမ်းကြည့်နေတာကြောင့် Taehyung ပြောမယ့်စကားတောင်ရပ်လို့သွားသည်

" Taehyung ဘာလည်း "

Jiwon က Taehyung လှည့်သလိုအနောက်သို့လှည့်ကြီးပြီးကြည့်တော့ မှန်တံခါးကိုပိတ်ပြီး ချက်ချင်းမောင်းထွက်သွားတဲ့ Jungkook..

" ငါဒီနားကိုအိမ်ပြောင်းလိုက်ပြီလို့ပြောမလို့ "

" ဟေ့ရောင်အိမ်အလည်ခေါ်အုံးလေ ငါရယ်ဟိုကောင်တွေရယ်လာလည်မယ်လေ "

"အေးပြောင်းလာတာမကြာသေးလို့ ငါအလည်ခေါ်ပါ့မယ် "

Taehyung ခုဏခြေလှမ်းထက်ပိုမြန်ကာခက်သွက်သွက်လေးလျှောက်လာခဲ့သည်..ဟိုတယ်ရောက်တာနဲ့ VIP အလွှာရှိ ရုံးခန်းရှိရာသို့ Jiwon ကိုနှုတ်ဆက်ကာ မပြေးရုံတမယ်ပြေးတက်လာကာ အခန်းကိုအရိုန်နဲ့တွန်းအဖွင့် Jungkook ကလည်းခုထိရောက်မလာသေးတဲ့ Taehyung ကိုထွက်အကြည့် တံခါးကိုဆွဲဖွင့်လိုက်တာကြောင့် Taehyung တယောက်အရိုန်မထိန်းနိုင်ကာ

𝙾𝚗𝚕𝚢 𝚄 Opowieści tętniące życiem. Odkryj je teraz