13

699 90 28
                                    

မနက်ခင်းအိပ်ရာကနိုးလာတော့ ကိုယ်ပူလည်းတော်တော်လေးကျနေကာ ညကလောက်ထိနေရအဆင်မပြေတာမရှိတော့ တညလုံးသူနားမှာရှိနေပေးပြီး ကိုယ်ပူကျအောင်တချိန်လုံးရေပတ်ဝတ်တင်ပေးနေတဲ့ Taeri ကိုလည်း ကိုယ်ပူရိုန်တွေတက်နေတဲ့ကြားကအိပ်မပျော်နိုင် မပွင့်တပွင့်မျက်လုံးလေးကနေမြင်နေရသည်..တညလုံးမအိပ်ထားတာတောင်ခုဘေးမှာရှိမနေတော့ အပြင်ကိုထွက်လာခဲ့တဲ့ Jungkook..

အိမ်အပြင်က အဝတ်လှန်းတဲ့ကြိုးတန်းမှာလျော်ထားတဲ့အဝတ်တွေကိုရေခါရင်းလှန်းနေတဲ့ Taehyung..

အဝတ်ခါလိုက်တိုင်း ဖြာထွက်လာတဲ့ ရေမှုန်မွှားလေးတွေကနေရောင်ခြည်အောက်မှာရောင်စုံမီးဖွားလေးတွေဖြာထွက်သွားသလို လေတိုက်တိုင်းလွှင့်နေတဲ့ အဝတ်ပါးလေးတွေကြားကနေလှမ်းမြင်ရတဲ့ Taehyung .

နေရောက်အောက်မှာသေချာမြင်ရတဲ့ နက်မှောင်လှတဲ့ဆံကေသာ နေပူနေတာရယ် ရေခါလို့ရေစင်တာကြောင့် တွန့်ကွေးကွေးသွားတဲ့မျက်ခုံးထူထူလေးနှစ်ခု..

ဆင်းနေတဲ့နှာတံ ထိုနှာတံထိပ်က မှဲ့အနက်လေး တဆက်ထဲမှာပဲ နေပူတာကိုသဘောမကျလို့ဆူယောင်ယောင်နှုတ်ခမ်းလေး တီရှပ်အပါးလေးကိုမှ ဘောင်းဘီဒူးလောက်လေးနဲ့ဝတ်ထားတဲ့ သေးသွယ်သွယ်ခန္တာကိုယ်လေး Jungkook ရဲ့မျက်ဝန်းထဲ ပြည့်စုံလွန်းနေသူကို ခေါင်းလေးစောင်းကာကြည့်နေမိသည်..

" နိုးပြီလား "

ဘယ်လောက်တောက်ကြည့်နေလည်းဆိုရင် Taehyung အဝတ်လှမ်းပြီး အနားရောက်လာတာတောင် သတိမထားမိ ပြုံးပြုံးလေးကြည့်နေမိသေးတာ.

" မေးနေတယ်လေ "

" အင်း "

" သက်သာလား "

" အင်း "

" ပြန်တော့"

" ဟင့်အင်း "

"ဘာ!"

" Taehyung မင်းငါးသွားဖမ်းမှာမဟုတ်လား ငါလည်းလိုက်မယ် "

" ရွာကမျော့တွေက သူဌေးသားတွေဆိုတွယ်တာ မလိုက်နဲ့ ပြန်တော့"

" ခွဲခြားခွဲခြားနဲ့ သူဌေးသားလည်းလူပဲနာတက်တယ်လေ "

စိတ်ဆိုးသလိုအမှုအယာနဲ့​​ပြောနေတဲ့ Jungkook ကို Taehyung အံ့သြစွာကြည့်နေမိတော့သည်..
ထိုအချိန်ဝင်လာတဲ့ဖုန်း

𝙾𝚗𝚕𝚢 𝚄 Onde as histórias ganham vida. Descobre agora