5

749 89 22
                                    

မနက်ခင်း 8 နာရီဆိုတာနဲ့ Hotel ကိုအချိန်မှီရောက် လာကာ အရင်လိုဆို အခြားသူတွေနဲ့တာဝန်ချိန်းရင်းစကားလေးဘာလေးပြောဖြစ်သေးသည်..အခုတော့ Taehyung မှာ ကမန်းတန်း ယူနီဖောင်းလဲဝတ်ကာ သန့်ရှင်းရေးလှည်းလေးတွန်းကာထွက်ခဲ့တော့သည်..

" Taehyung ဘာလို့လောနေတာလည်း "

" CEO က မနက်တိုင်းသူ့အခန်းရှင်းပေးဖို့ပြောထားလို့ "

"မနေ့က အဲ့တာခေါ်ပြောတာလား "

" အင်းဟုတ်တယ် ငါသွားတော့မယ် CEO 9 နာရီရောက်မှာဆိုတော့ မြန်မြန်လုပ်မှရမယ် "

" အေးအေး "

Hotel ရဲ့ 22 ထပ်မြှောက် VIP အထပ်သို့ ဓာတ်လှေကားကနေတက်လာခဲ့သည်..CEO ရုံးခန်းရှေ့တံခါးလေးခေါက်ကြည့်​တော့ အထဲကနေ အတွင်းရေးမှုးထွက်လာပြီး

" အခန်းရှင်းမလို့လား Taehyung CEO ပြောထားတယ် အော် ခဏနေအုံး Hotel သုံးပစ္စည်းတွေမသုံးနဲ့ ဟိုမှာတင်ထားတဲ့ ပစ္စည်းတွေကိုသုံး CEO က အနံ့ sensitive ရှိတယ် အနံ့ပြင်းတာတွေမကြိုက်ဘူး သေချာမှတ်ထား "

" ဟုတ်ကဲ့ "

" ကြိုးစားလိုက်ပါအုံး Taehyung ရေ ငါ CEO ကို သွားစောင့်တော့မယ် 9 နာရီမထိုးခင်အပြီးရှင်းထား "

" ဟုတ်ကဲ့ "

အခန်းထဲဝင်လာပြီး အလုပ်စားပွဲ ဧည့်သည်စားပွဲ ဆိုဖာနဲ့ အခန်းတခုလုံးသန့်ရှင်းရေးလုပ်ပြီး အခန်းအမွှေးနံ့လေးကို ပေးထားတဲ့ စပရေးဘူးလေးကို နေရာအနံ့လိုက်ဖြန်းထားလိုက်သည်.

" ဝါးးး အနံ့လေးက လန်းဆန်းသွားတာပဲ "

စပရေးဘူးပေါ်က အမွှေးအနံ့လေးကို ဖတ်ကြည့်နေသေးတဲ့ Taehyung..

" cotton အင်း တံဆိပ်ကတော့နာမည်ကြီးစျေးကြီးမှာပဲ အခြားစျေးသက်သာတဲ့ပစ္စည်းတွေမှာလည်း ဒီအနံ့လေးရှိမှာပါ အနံ့ကတကယ်ကိုလန်းဆန်းတာပါလား "

အခန်းတခုလုံးသေချာသန့်ရှင်းရေးလုပ်ပေးပြီး တံခါးသေချာပိတ်ကာ အခြားလုပ်စရာရှိတဲ့အထပ်တွေသို့ဆင်းလာခဲ့တော့သည်..

အခန်းထဲသို့ရောက်လာတဲ့ Jungkook..တံခါးဖွင့်ဖွင့်ခြင်းမှာပင် အဲကွန်းလေကြောင့် နှာခေါင်းထဲသို့ဝင်လာတဲ့အမွှေးနံ့ မျက်လုံးလေးမှိတ်ကာရှုရှိုက်လိုက်သေးသည်..

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now