15

808 100 11
                                    

" ဟိုလေ CEO ကျွန်တော်ကိုနီးစပ်ရာ ကားမှတ် တိုင်မှာပဲချပေးပါ အဲ့ကနေပဲကားစီးပြီးပြန်လိုက်ပါ့မယ် CEO လည်းတချိန်လုံးကားမောင်းရတာပင်ပန်းနေပြီပဲ မြန်မြန်အိမ်ပြန်ပြီအနားယူပါတော့ "

" ငါလေမင်းအဲ့လောက်စကားများမယ်မထင်ခဲ့ဘူး Taehyung "

" အတွင်းရေးမှူးKim ပါ CEO "

" Taehyung ငါတို့ရင်းနှီးဖို့တောင်အဲ့လောက်ခက်ခဲတာလား "

" CEO အဲ့နားမှာရပ်ပေးပါ ကျွန်တော်တို့ရပ်ကွက်ရောက်ပါပြီ "

Jungkook ကြည့်လိုက်တော့ Taeri ကိုသူအမြဲကားရပ်ပေးနေကြနေရာလေးပင်.. သူကားရပ်ပေးပြီးတာနဲ့ ကားပေါ်က ဆင်းဖို့ပြင်နေတဲ့ Taehyung ရဲ့အကျီစလေးကိုလှမ်းဆွဲကာ

" ငါမေးတာဖြေလေ ငါတို့ရင်းနှီးဖို့တောင်အဲ့လောက်ခက်တာလားလို့ "

" CEO "

"ဒါဆို မင်းငါ့ကိုပြန်ချစ်ဖို့က မျှော်လင့်ချက်မရှိဘူးဆိုတဲ့သဘောလား Taehyung.. "

" ဟိုလေ CEO "

Jungkook သူဆွဲထားတဲ့ Taehyung ရဲ့အကျီစလေးကိုလွှတ်ပေးကာ ပြုံးပြလို့ နှုတ်ဆက်လိုက်သည်..

" ကောင်းကောင်းသွား "

" ဟုတ်ကဲ့ CEO ဂရုစိုက်ပြန်ပါ "

ကားပေါ်ကဆင်းသွားတဲ့ Taehyung ရဲ့ကျောပြင်လေးကိုကြည့်ရင်း တဖြေးဖြေးဝေးကွာလို့သွားသည့်အထိ သူမပြန်ဖြစ်သေး ထိုအချိန် သူဖုန်းမဟုတ်တဲ့အခြားဖုန်းတလုံးရဲ့မြည်သံကြောင့် လျှောက်ရှာကြည့်မိတာ ခြေနင်းနားမှာကျနေတဲ့ Taehyung ဖုန်း..

လမ်းမှာအိပ်ပျော်သွားတုန်းက ကျသွားတာသတိမထားဘူးထင်ပါရဲ့..Taehyung ရဲ့ဖုန်းကိုကောက်ကာ Taehyung သွားတဲ့လမ်းအတိုင်းလေးဟိုရှာဒီရှာနဲ့လိုက်ရှာနေမိသည်..

လမ်းကျဥ်းကျဥ်းလမ်းကြားလေးတခုမှာ အမျိုးသမီးသုံးလေးယောက်စကားများရန်ဖြစ်နေတာကိုမြင်လိုက်ရတော့ မသိချင်ယောင်ဆောင်ကာထွက်လာဖို့အလုပ် ထိုအမျိုးသမီးတွေကြားထဲက အမျိုးသမီးတယောက်ကိုအပေါ်ကနေကာပေးထားတဲ့ ကောင်လေးက Taehyung ဖြစ်နေတာကိုလှမ်းမြင်လိုက်တော့ Jungkook ရဲ့ခြေလှမ်းတွေက အဲ့ဘက်သို့ပြန်ဦးတည်သွားကာ မလှမ်းမကန်းထိရောက်လို့သွားသည်..

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now