8

740 90 13
                                    

သမ္မတကြီးမြေးလေးမွေးနေ့ပွဲကျင်းပချိန်မှာ Jungkook ကလည်း Hotel CEO တယောက်အနေနဲ့ မွေးနေ့ပွဲသို့ရောက်လာပြီးသမ္မတကြီးကိုနှုတ်ဆက်ကာ ပွဲတလျှောက် တချိန်လုံးပွဲထဲမှာရှိလို့နေသလို Taehyung တို့အလုပ်သမားတွေတချို့ထဲ ပွဲထဲမှာရှိနေကြသည်..

ခန်းမကြီးရဲ့ နံရံနားမှာ လက်ကလေးနောက်ပြစ်လို့မက်တက်ရပ်နေတဲ့ Taehyung နဲ့ ဘေးကသူ၏လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများ ဧည့်သည်တွေရဲ့ လိုအပ်ချက်တွေဖြည့်စီးပေးရန်အဆင်သင့်ရပ်နေကြသည်..သူတို့လိုပဲ မလှမ်းမကန်းမှာရပ်လို့နေတဲ့ CEO Jungkook နဲ့ သူ၏အတွင်းရေးမှူး နေရာအနှံ့ရှိနေတဲ့ သက်တော်စောင့်များ..

Taehyung တယောက် မွေးနေ့ပွဲကျင်းပနေတာကို ပြုံးပြုံးလေးကြည့်နေကာ မျက်လုံးကဟိုကြည့်ဒီကြည့်လုပ်ရင်း ဘေးမလှန်းမကန်းက CEO ရှိရာစီအကြည့်ရောက်မိတော့ တိုက်တိုက်ဆိုင်ဆိုင် CEO ကလည်းသူ့ဘက်အလှည့်နဲ့ဆုံံသည်..

Taehyung ခေါင်းလေးငုံ့ကာအရိုအသေပေးပြီးတဖက်ပြန့်လှည့်ကာ ရပ်နေပြန်သည်..မကြာပါဘူး CEO ရှိကာစီ Taehyung အကြည့်ကရောက်မိပြန်တော့ CEO ကလည်းသူ့ကိုကြည့်နေပြန်သည်..

Tae pov:တိုက်ဆိုင်တာကခဏခဏကြီး ငါကဘာလို့သွားကြည့်မိတာပါလိမ့် တယောက်ယောက်ကြည့်နေသလိုခံစားနေရသလိုပဲ တော်ပြီ အလုပ်ထဲအာရုံထည့်

Taehyung တယောက်သူဘာသူတယောက်ထဲတွေးကာအာရုံပြန်စုစည်းနေချိန် ဘေးကိုရောက် လာတဲ့ မျက်လုံးထောင့်ကအရိပ်ကြောင့် ဘေးကိုလှည့်ကြည့်လိုက်ချိန် CEO ကအနားရောက်လာတာကြောင့် Taehyung မှာ လန့်သွားကာအနောက်သို့အနည်းငယ်ယိုင်သွားသည်..

" အောင်မလေးလန့်လိုက်တာ C CEO ဟီး "

သူ့ကိုမကြည့်ပဲ ရှေ့ကဝိုင်းကိုမေးငေါ့ပြကာ

" ဟိုမှာ ပြီးတဲ့ပန်းကန်တွေသွားသိမ်းလိုက် "

" ဟုတ်ကဲ့ "

Taehyung နဲ့ အခြားအလုပ်သမားများ စားပွဲပေါ်က တချို့စားပြီးသားပန်းကန်တွေလိုက်လံသိမ်းနေတာကိုလည်း CEO Jungkook လိုက်ကြည့်နေမိသည်..

ပွဲပြီးခါနီး ဧည့်သည်တွေတချို့ပြန်သွားချိန်မှာ ဝိုင်းတွေကနေပန်းကန်တွေလိုက်သိမ်းရင်း ဝိုင်းတခုကပန်းကန်လေးထဲ စတော်ဘယ်ရီသီးလေးတလုံး ကျန်နေတာကို လူတွေအလစ်မှာပါးစပ်ထဲထည့်လိုက်တဲ့ Taehyung..စတော်ဘယ်ရီမြင်ရင်မနေနိုင်အောင်စားချင်တဲ့ Taehyung တယောက် ခုတော့ပြသာနာတက်ဖို့အစပျိုးပြီလေ..

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now