4

691 97 15
                                    

Hotel check out လုပ်ထားတဲ့အခန်းကိုသန့်ရှင်းရေးလုပ်ပြီးထွက်လို့လာတဲ့ Taehyung..ခုဏတုန်းကအလုပ်လုပ်နေရင်းဖြစ်တာကြောင့် ဖုန်းဝင်လာတာကိုမကိုင်လိုက်ပဲ အလုပ်ပြီးသွားမှဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်က ဖုန်းပြန်ဆက်ဖို့လုပ်နေတုန်း မှန်ကွဲကြောင်းတွေနဲ့ပြည့်နေတဲ့ screen လေးကတော်ရုံနဲ့ပွတ်မရ လက်တဖက်က ဖုန်းလေးကိုမရမကပွတ်ရင်း လက်တဖက်က သန့်ရှင်းရေးလှည့်ကိုဆွဲလို့လျှောက်အလာ တချိန်လုံးဘယ်လိုမှပွတ်လို့မရနေတဲ့ဖုန်း ဓာတ်လှေကားထဲရောက်တော့လည်းလိုင်းကပါမမိ..

အဘွားဆက်ထားတာကြောင့်စိတ်ပူလို့သာမရမကဖုန်းကိုအသဲအသန်ဆက်ဖို့ကြိုးစားနေတာမဟုတ်ရင်ဖုန်းတောင်ထုတ်ကြည့်တာမဟုတ်တဲ့Taehyung..

ဓာတ်လှေကားထဲနေအထွက် ဖုန်းပဲအာရုံရောက်နေချိန် လမ်းအကွေ့ထောင့်မှာ တဖက်ကလည်း Jungkook ကလည်း သူ့အတွင်းရေးမှုးနဲ့စကား ပြောပြီးအလာ ဝင်တိုက်မိတာတော့မဟုတ်ပေမယ့် မျက်နှာခြင်းဆိုင်ဆိုတော့ Taehyung မှာလန့်သွားကာလက်ထဲကဖုန်းကအောက်သို့လွတ်ကျသွားသည်..

တိုက်ဆိုင်တော့ Jungkook ရဲ့ခြေအချမှာဖုန်းကိုနင်းပြီးသားကွက်တိ Taehyung မှာချက်ချင်းပဲမျက်နှာလေးရှံ့မဲ့သွားကာ ပါးစပ်ကနေပါထုတ်ပြောမိတော့သည်အထိ...

" သွားပြီ "

Jungkook ကချက်ချင်းပဲ သူဖိနပ်ကဖုန်းလေးကိုကောက်ကိုင်လိုက်ပြီးကြည့်လိုက်တော့ နဂိုထဲကကွဲနေတဲ့ဖုန်းဆိုတာတော့သိပေမယ့် သူပြန်ရော်ပေးပါ့မယ်လို့ပြောလိုက်သည် .

" အို sry ငါပြန်ရော်ပေးပါ့မယ် "

" ရပါတယ် CEO နဂိုထဲက ကွဲနေတဲ့ဖုန်းပါ လှုပ်လိုက်ရင်ပြန်လင်းလာလိမ့်မယ် "

Jungkook ရဲ့လက်ထဲက ဖုန်းလေးကိုဆွဲယူလိုက်ပြီး ခေါင်းလေးငုံ့ကာအရိုအသေပေးလို့ထွက်သွားတဲ့ Taehyung ကို Jungkook လှမ်းကြည့်နေသေးသည်..ဖုန်းလေးကို အကျီနဲ့ပွတ်လိုက်ပြီး လက်ထဲမှာခါလိုက်သေးကာ ပြီးတော့ဖုန်းပြောနေတဲ့ Taehyung..

" CEO သွားရအောင် "

" အင်း "

...

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now