6

593 79 11
                                    

မနက်လင်းတာနဲ့အရင်လိုဆိုအေးဆေးလေးသာအလုပ်ကိုထွက်လာတက်တဲ့ Taehyung ခုဆို CEO အခန်းသန့်ရှင်းရေးလုပ်ဖို့အလုပ်ပိုနေတာကြောင့်စောစောစီးစီးအလုပ်ရောက်အောင်အမြဲထွက်လာခဲ့တော့သည်..

ဟိုတယ်ရောက်တာနဲ့ ပဝတ်အစားလဲကာ ပထမဆုံးဦးစားပေး CEO အခန်းသို့သာ သန့်ရှင်းရေးလုပ်ရန်တက်လာခဲ့တော့သည်..အခန်းတခုလုံးကိုသေချာသန့်ရှင်းရေးလုပ်ပြီး သူကိုတိုင်စိတ်တိုင်းကြပြီဆိုမှသာ အခန်းထဲကနေထွက်လာခဲ့တော့သည်..

ခရီးသွားရာသီလည်းမဟုတ်တာကြောင့် ပုံမှန်နိုင်ငံခြားဧည့်သည်တွေတော့ရှိနေကြပေမယ့် သူတို့ဟိုတယ်ကြီးအနေအထားနဲ့က လူဝင်များတယ်လို့မဆိုနိုင်သေးတာကြောင့် ခုလိုရာသီတွေဆိုအေးအေးလူလူပဲ ပုံမှန်လေးသာအလုပ်လုပ်နေရုံသာရှိသည်..

"Taehyung ဒီလထဲ ငါတို့ ဟိုတယ်မှာ သမ္မတကြီးရဲ့မြေးအငယ်ဆုံးလေးမွေးနေ့ရှိတယ်တဲ့ ပိစိလေးတဲ့ "

" ဒါဆိုငါတို့အလှအပတွေပြင်ဆင်ရအုံးမှာပေါ့ အဲ့လိုပွဲတွေရှိတာကောင်းပေမယ့် ကောင်းလည်းမကောင်းဘူး ခုလိုပွဲဆိုပိုဆိုးပြီ လုံခြုံရေးတွေနဲ့ရှုပ်ရှက်ခက်နေတော့မှာ "

" အေးနော် သာမာန်မဟုတ်လေ ငါတို့အတွက်တာဝန်ကြီးလေပဲ ဒါနဲ့မင်းရော CEO အခန်းသန့်ရှင်းရေးအလုပ်ပိုလာတာ အဆင်ပြေရဲ့လား "

" ပြေပါတယ် မပြေစရာမှမရှိတာကွ သန့်ရှင်းရေးကငါအပိုင်ပဲကို "

" ဒါနဲ့ CEO ကသဘောကောင်းလား ငါတို့နဲ့ရွယ်တူလောက်ပဲနော် "

" ရွယ်တူပဲလေ သဘောကောင်းလားဆိုတော့ ဘယ်လိုပြောရမလည်း လူငယ်ဆိုတော့အရမ်းကြီးတော့လက်ပေါက်မကပ်ဘူးထင်တာပဲ ငါ့ကိုအလုပ်ခိုင်းလည်းအေးဆေးပါပဲ "

"ဟုတ်မှာ Jeon Group ရဲ့ မိသားစုအကုန်လုံးကအဆိုးကြီးတွေမဟုတ်ဘူးလို့တော့ပြောကြတာပဲ "

" အဲ့လိုလည်းတထစ်ချပြောမရဘူးလေ ငွေရှိရင်လူတွေက အနည်းဆုံးတော့မောက်မာကြတာပဲ အာ... စကားများနေတာ ငါ CEO အတွက်နေ့လည်စာပြင်ရတော့မယ် သွားလိုက်အုံးမယ် "

Taehyung တယောက် နေ့လည်စာပြင်ဆင်ရန်ထွက်လာခဲ့တော့ အလွှာ 10 လောက်မှာ ဓာတ်လှေကားရပ်လို့သွားတာကြောင့် ဝန်ထမ်းစီးတဲ့ဓာတ်လှေကားဆိုတော့ ဝန်ထမ်းပဲထင်နေခဲ့တာ ဝင်လာတဲ့သူက အမဲရောင်ဝတ်စုံအပြည့်ဝတ်ထားကာ mask ရောဦးထုပ်ပါစောင်းလို့ထားတာကြောင့် Taehyung အနည်းငယ်တော့လန့်သွားသည်.. အရင်လိုသန့်ရှင်းရေးလှည်းပါရင်တောင်တခုခုဆိုကာထားလို့ရသေးသည်..ခုတော့လူ လွတ်ကြီးဖြစ်နေတာနဲ့ ဓာတ်လှေကားရဲ့ထောင့်မှာကပ်ပြီး

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now