2

887 97 22
                                    

အလုပ်စားပွဲမှာထိုင်နေရင်း မျက်လုံးထဲပေါ်ပေါ်လာတာက အညိုရောင်မျက်ဝန်းလေး ​မျက်တောင်ကော့ကော့လေး နှာတံလေးကဆင်းနေသလို ပြုံးလိုက်လို့တွန့်ကွေးသွားတဲ့နှုတ်ခမ်းလေး လှပတဲ့မျက်နှာကျကိုပိုင်ဆိုင်ထားသလို သွယ်လျတဲ့ခန္တာကိုယ်ထက် ဝဲနေတဲ့အညိုရောင်ဆံပင်ရှိတဲ့သူမ..သူမကိုသိချင်စိတ် သူမနဲ့ရင်းနှီးချင်စိတ် အဆုံးထိပြောရမယ်ဆိုရင် သူမကိုပိုင်ဆိုင်လိုစိတ်တွေက အချိန်နဲ့တပြေးညီတက်တက်လာသည်..

အလုပ်တွေးလုပ်ရင်း အတွေးတွေနှယ်ချဲ့နေလိုက်တာ အချိန်အားဖြင့် ညနေ 6 နာရီရှိနေပြီ.. ခုဆို တချို့အလုပ်သမားတွေဆိုညဆိုင်းနဲ့မနက်ဆိုင်းတောင်ပြောင်းပြီးနေပြီ

" ငါလည်း ဘယ်လောက်တောင်အတွေးလွန်မိသွားလည်းမသိ အိမ်ပြန်ချိန်တောင်ရောက်နေပြီပဲ ဟိုတယ်ပိုင်းယူလိုက်တာလည်း ပျင်းဖို့ကောင်းသွားတယ် မဟုတ်သေးပါဘူး မနက်ဖြန်ဆိုပဲအလုပ်တွေစတော့မှာ "

Jungkook တယောက် အလုပ်စစဝင်ခြင်း အတွေးထဲမျောနေကာ အလုပ်လုပ်ရတာကိုပျင်းတယ်ထင်နေမိသေးသည်..သူရုံးဆင်းဖို့လုပ်တော့ အတွင်းရေးမှုးရောက်မလာတာကိုသတိထားမိတော့သည်..ပြီးတော့မှပြန်စဥ်းစားမိတာ သူအတွင်းရေးမှုးကိုအခန်းထဲဝင်မလာဖို့ပြောထားခြင်းကြောင့်ပင်..သူ့ရုံးခန်းရှိရာကနေ ဓာတ်လှေကားစီလျှောက်လာတော့ ဘေးကလိုက်လို့လာတဲ့ အတွင်းရေးမှုး..

ဟိုတယ်ဖြစ်တာကြောင့် သူ့ရဲ့ရုံးခန်းရှိတဲ့အထပ်မှာ အခြား VIP အခန်းတွေရှိသေးသည်..အခန်းတခုနားမရောက်တရောက်မှာ အခန်းဝနားလောက်မှာပြောနေတဲ့စကားသံကိုခက်သဲ့သဲ့လေးကြားလိုက်ရသည်..

" ဒီမှာ Min Jinyoung ရှင်နဲ့ကျွန်မနဲ့တွဲလာတာကြာပြီ ပြီးတော့မတွဲခင်ထဲက ရှင့်ကိုကျွန်မပြောပြီးသားလေ ချစ်သူရည်းစားလိုတွဲတာကလွဲလိုအခြားဘာမှထပ်တိုးလို့မရဘူးလို့ပြောထားပြီးသားနော် "

" ကိုယ်မင်းကိုချစ်တယ်ကွာ ကိုယ်မင်းကိုလက်ထပ်မှာပါ "

" ဖယ်!!! ငါ့ဘဝမှာ လက်ထပ်ခြင်းဆိုတာမရှိဘူး ဒီနေ့ဒီအချိန်ကစပြီး ရှင်နဲ့အလုပ်တွဲလုပ်နေတာတွေပြီးပြီ "

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now