အပိုင်း(၁) uni -zaw

14.8K 130 0
                                    

    ရင်ခွင်တစ်စုံသို့တမ်းခြင်း

အပိုင်း(၁)
မောင်စောညီညီခန့်+ မနန်းစုယဥ်
တဲ့ ရွှေရောင်တလဲ့လဲ့ စာတန်းကြီးက ပျို့ကိုလှောင်နေသယောင်ပါ 'နင်ဒီတစ်ခါယဥ့်ကိုတစ်ဘ၀လုံးစာရှုံးသွားတာပျိုရဲ့' ပျို့ရဲ့ချစ်သူက ပျို့သူငယ်ချင်းရဲ့ယောကျ်ား ပါတဲ့ ပျိုလက်မခံနိုင်စွာ မဲ့ပြုံးတစ်ချက်ပြုံးမိသည် ဟုတ်တယ် ဒီပွဲကို ပျိုသာမတက်ခဲ့ရင် ပျိုဟာသူရဲဘောကြောင်တဲ့သူတစ်ယောက်ဖြစ်သွားလိမ့်မယ်တဖက်က ပျိုနဲ့တစ်သက်လုံးအတူနေလာခဲ့တဲ့ သူငယ်ချင်းရဲ့မဂ်လာပွဲကို ပျိုရဲရဲကြီးဂုဏ်ပြုပေးရမှာပေါ့ "နင်ရွေးတဲ့လမ်းပဲပေါ့ယဥ်ရဲ့" သတို့သားရဲ့တည်ကြည်အေးစက်နေသောမျက်နှာတစ်စုံကိုမြင်ရသည်နဲ့ပင် ပျိုကြိတ်၀မ်းသာနေမိသည်တကယ်လို့ဒီနေ့ပွဲဟာ ကိုနဲ့ပျိုသာဆို ကိုဘယ်လောက်ထိပြုံးနေမလဲပျိုသိပြီးသားပါ ကိုချစ်တာ ယဥ်မှမဟုတ်တာ ပျို၀င့်လွှာဖြူဆိုတဲ့ သူမပဲပေါ့ ပျိုကျေနပ်စွာပြုံးထားလိုက်ပြီး ယဥ်တို့အနားကိုလျှောက်သွားလိုက်သည်

"ဂုဏ်ယူပါတယ်နော် ကို  အယ်မှားလို့ ကိုစောညီညီခန့်နဲ့ ပျို့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေး ယဥ်"

"ပျို လာတယ်"
ကို့ရဲ့ အသက်မပါသောမျက်၀န်းတစုံက ပျို့ကိုအားနားနေသယောင်ပါ.ကို့ရဲ့မျက်၀န်းတွေကပျို့ကိုရှင်းပြဖို့ကြိုးစားနေသည် ပျိုနာကျင်စွာပြုံးပြလိုက်ပြီး ပျိုကို့ကိုတချက်ကြည့်လိုက်ကာ
ကို့ဘေးကယဥ့်ဆီကိုပဲအကြည့်တွေပုံထားလိုက်သည် ယဥ်ကတော့အဖြူရောင်ဂါ၀န်လေးနဲ့လှပစွာရှိလျှက်

"ဂုဏ်ယူပါတယ် ယဥ်ရဲ့ တသက်မှာတစ်မဂ်လာတဲ့ နင့်ရဲ့မဂ်လာပွဲကို ငါသေချာလေးဂုဏ်ပြုပေးချင်လို့သိလား တကယ့်စိတ်ရင်းနဲ့တက်လာရောက်လာခဲ့တာပါ ပြုံးပြုံးလေးနေစမ်းပါယဥ်ရဲ့ နင်လိုချင်ခဲ့တာရပြီမလားဟင် အော်ဒါနဲ့ နင်နဲ့ငါက အကြိုက်ချင်းသိပ်တူတာပဲနော်ယဥ် အဟွန်း ငါဖြင့်ထင်တောင်မထင်ထားမိဘူး"

ပျိုသတင်းကြားပြီးချက်ချင်းရင်တွေဘယ်လောက်ကွဲခဲ့ရတယ်ဆိုတာ ပျိုအသိဆုံးသာဖြစ်သည် ကိုကငါ့ချစ်သူငါယူမဲ့ယောကျ်ားလို့အများရှေ့မှာကြွေးကြော်ဖူးခဲ့တာတွေကိုမြင်ယောင်ရင်း ပျိုရှက်မိသည် အခုလိုဟန်ဆောင်ပြုံးနေရတာတွေကိုပျိုနေသားမကျခဲ့ပါ  အခုလည်းယဥ်ရဲ့ကျရှုံးခန်းကိုပျိုလာကြည့်တာဖြစ်သည် ပျို ပျက်ယွင်းသွားသော ယဥ့်မျက်နှာကိုကြည့်ရင်း ပျိုကျေနပ်နေမိသည် ယဥ်သည်ပျို့အားတဖန်ပြုံးပြလာခဲ့လေသည် အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးလိုမျိုးပေါ့

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now