အပိုင်း(၂၆) uni-zaw

3.8K 121 27
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၂၆

ယဥ်နိုးလာတော့ ဘေးမှာညီမရှိတော့ပေ ...ယဥ် အိပ်ချင်မူးတူးဖြင့် ကုတင်ပေါ်မှဆင်းလိုက်ကာ အခန်းဆီးတွေသွားဖွင့်လိုက်၏ ညီတစ်ယောက်တော့ဘယ်တွေရောက်နေလဲမသိပေ စားပွဲပေါ်မှအထုတ်အပိုးတွေကိုမြင်တောင်ကြောင့်စပ်စုချင်တာနဲ့ အနားသွားကာဖွင့်ကြည့်လိုက်တော့ အ၀တ်အစားတွေတွေ့ရတော့ ယဥ်ပါးစပ်အဟောင်းသားဖြစ်သွားရ၏ ဂါ၀န် ချည်းပဲ ၅ထည် ပုံစံတူပြီးအရောင်ကွဲ၏ နောက်တစ်ထုတ်ကြည့်လိုက်တော့ အတွင်းခံတွေတွေ့လိုက်ရ၏ အကုန် ယဥ် size တွေချည်းပါ ဒီဘက်ကအထုတ်ကတော့ skin careပစ္စည်းတွေနဲ့  ဖိနပ်အပါးတစ်ရံပါ၀ယ်လာသေးသည်  ဒါတွေက ညီ၀ယ်လာတာပေါ့ယဥ် သဘောကျစွာပြုံးမိလိုက်၏ ..ဒီလိုမျိုးလည်းသေချာတကျညီ၀ယ်တတ်တာပဲ ....ညိတစ်ယောက်ကောဘယ်တွေသွားနေလဲမသိပေ ...

'ဂျောက်'
ရေချိုးခန်းတံခါးဖွင့်သံကြောင့် ယဥ်ကြည့်လိုက်တော့ ညီပါ Bathrobe ကိုကိုယ်တွင်ပတ်ကာ ရေချိုးခန်းထဲမှထွက်လာ၏ ညီ့ရဲ့ ရီဝေဝေမျက်လုံးတွေရယ်  ကျယ်၀န်းနေသောရင်အုံကြီးရယ်  တောင့်တင်းနေသော body ရယ် အရပ်အမောင်းမြင့်မြင့်ရယ်က ကြည့်ကောင်း၏ ခန္ဓာကိုယ်မှရေစက်တွေက six pack ပေါ်တွင် စီးဆင်းနေကာ ဆီးခံမို့နေရာတွင် အမွေးညှင်းနုတွေလည်းပေါ်ထွက်နေကာ bathrobe ပေါ်မှညီ့ရဲ့ဟိုဟာကနဲနဲဖုဖောင်းနေ၏ ယဥ်ကြည့်နေရင်းတံတွေးတချက်မြိုချလိုက်ပြီးမှ  ညီနဲ့အကြည့်ချင်းဆုံသွားရကာ လူကနဲနဲတော့ထူပူသွား၏ ညီကတော့ မျက်မှောင်ကြီးကျုံ့ကာ ယဥ့်အားစိုက်ကြည့်နေ၏

"ကြည့်လို့၀သွားပြီလား!!"

"အမ််!! ဟမ်  ဟို ဘာကိုလဲ   ယဥ် ဘယ်တုန်းကကြည့်မိလို့လဲ  ယဥ်က ညီပျောက်လို့ ရှာနေတာလေ "

"အွန်း ရေမြန်မြန်သွားချိုးလိုက် breakfast သွားစားကြအောင်"

"ဟုတ် ညီ ဒါနဲ့ ညီအ၀တ်တွေကော ညီ၀ယ်လာပေးတာလား"

"အွန်း "

ညီကအရေးမစိုက်သလိုမျိုးသူ့ဘာသူ ဆံပင်တွေကိုရေသုတ်ရင်းပြောလာ၏

ယဥ် မထိန်းနိုင်စွာပဲ ညီ့ကို အပြေးသွားဖက်မိလိုက်၏   ညီ့ရဲ့ခန္ဓာကိုယ်မှရေစက်တွေက ယဥ့်အင်္ကျီကိုပါစိုကုန်၏

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now