အပိုင်း(၃၉)uni-zaw

4.3K 187 32
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၃၉

"သမီးခုလိုအရင်စလိုဆုံးဖြတ်တာမကောင်းဘူးနော် လူဆိုတာက စိတ်ဆိုးဒေါထွက်နေချိန်ဆုံးဖြတ်ချက်မချရဘူးကွယ် သမီးစိတ်ကိုလျော့လိုက်ပါ အန်တီသားညီကိုလည်းဖုန်းဆက်ထားတယ်!"

ဒေါ်နှင်မိုးခက်လည်း နန်းစုယဥ်ကမနက်ကတည်းကညီနဲ့ကွာရှင်းချင်လို့ဆိုပြီးငိုယိုပြီးလာပြောတော့စိတ်မသက်သာချေ သားညီကိုလည်းဖုန်းဆက်ထားကာ သူကိုယ်တိုင်လည်းအတတ်နိုင်ဆုံးဖြောင်းဖြပေးနေ၏

ယဥ်မနက်အစောကြီးကတည်းကအန်တီ့အိမ်ရောက်နေတာဖြစ်သည်အန်တီကမနက်ကတည်းကယဥ့်ကိုလမ်းအမျိုးမျိုးနဲ့အာပေါက်အောင်ပြောပြီး တားသော်လည်းယဥ့်ဖက်ကလက်မခံနိုင်တော့ပေ ယဥ်ညီနဲ့ထပ်ပြီးမပေါင်းနိုင်တော့ပါယဥ့်ရဲ့သည်းခံနိုင်တဲ့အတိုင်းအတာကကျော်လွန်ခဲ့ပြီဖြစ်၏
ဘယ်လောက်ပဲ အဲလူတစ်ယောက်ကိုတန်းတန်းစွဲချစ်ပါစေ နာကျင်စရာအမှတ်တရတွေသာပေးရင်အဲလူကိုယဥ်စွန့်ပစ်ဖို့၀န်လေးမည်မဟုတ်ပေ
ကြားကလူကြီးတွေကိုအားနာပယ်မယ့် ယဥ်မတတ်နိုင်တော့ပါ ယဥ်  ဒီလိုပုံစံနဲ့တော့တသက်လုံးနေမသွားနိုင်ချေ ယဥ့်မှာ babyလေးအတွက်စိတ်ခွန်အားတွေမွေးဖို့လိုအပ်သေး၏ ယဥ့်ကလေးလေးကို မိဘစုံလင်စွာနဲ့ကြီးပြင်းစေချင်ခဲ့ပယ်မယ့် ယဥ့်လိုမျိုး မိဘစုံလင်နဲ့နေနေရပယ်မယ့် ကလေးကစိတ်ဒဏ်ရာရတယ်ဆိုရင် ဘာမှအကြောင်းထူးလာမည်မဟုတ်ပါဒါကြောင့် ဒီနည်းလမ်းကိုသာယဥ်ရွေးလိုက်၏ ယဥ်ဒီဆုံးဖြတ်ချက်ကိုချခဲ့တာအခါခါစဥ်းစားပြီးပြီးမှချခဲ့တာဖြစ်သည် ယဥ့်ဖက်ကလုံး၀နောက်ဆုတ်မည်မဟုတ်ချေ...

"ယဥ်အများကြီး အများကြီးစဥ်းစားပြီးပါပြီအန်တီရယ် မဖြစ်နိုင်ပါဘူး ဒီကိစ္စတွေအားလုံးကယဥ့်အမှားတွေပါ ယဥ်တစ်ကိုယ်ကောင်းဆန်မိုက်မဲခဲ့ပါတယ် အဖွားပြောသလိုလည်း 'အနူလက်နဲ့ရွှေခွက်နှိပ်သလိုဖြစ်သွားပါတယ် ညီနဲ့ယဥ်က လုံး၀မဟပ်စပ်မလိုက်ဖက်ပါဘူးအန်တီ "

"ဟေ့ နန်းစုယဥ် ညည်းငါ့စကားကိုအထာကောက်နေတယ်ပေါ့လေ ညည်းကအဖွားတစ်ယောက်ရဲ့ခံစားချက်ကိုဘယ်နားလည်ပါ့မလဲ ငါ့မြေးလေးကိုငါအဆုံးထိဘယ်လောက်ထိမျှော်မှန်းထားခဲ့ရလဲသိလား ဒါမဲ့ငါညည်းတို့ကိုအခုဘာပြောနေသေးလို့လဲ အကုန်လုံးဖြစ်ပြီးမှတော့ အဆင်ပြေပြေသင့်သင့်မြတ်မြတ်နေသွားကြဖို့ပဲငါလိုလားတော့တာ"

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now