အပိုင်း(၅၃) uni-zaw

3.8K 234 44
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၃

ညီခန့် အခန်းထဲမ၀င်ရဲသေးပဲချီတုံချတုံဖြစ်နေကာ တကယ်တမ်းစုယဥ်ကိုတွေ့ရလောက်တဲ့အထိသူ့မှာအင်အားမရှိပဲတွန့်ဆုတ်နေမိ၏ စုယဥ်ခံစားနေရတာမြင်တော့လည်းသနားမိပြန်ပါသည်  သူဘယ်ကနေဘယ်လိုစမေးရမယ်မှန်းလည်းမသိသလို မေးရမဲ့စကားတွေလည်း.ပျောက်ရှကုန်၏ ဒီအခြေအနေကိုရော ဘယ်သူကဖြစ်ချင်ခဲ့လို့လဲ......

"သားညီ!!"

"မာမီ!!"

မာမီက ညီခန့်အနား ရောက်ချလာလေ၏

"မာမီနဲ့ခဏလိုက်ခဲ့!"

မာမီကရှေ့ကထွက်သွားတော့ ညီခန့်စုယဥ်ဖက်ကိုခဏမျှလှည့်ကာကြည့်ခဲ့ပြီးမာမီနောက်ကိုလိုက်သွားလိုက်၏

ဆေးရုံလျှောက်လမ်းရောက်တော့မာမီက ညီခန့်ဖက်လှည့်လာခဲ့သည်

"သား အခုလောလောဆယ် သမီးနဲ့ထိပ်တွေ့သွားမတွေ့နဲ့လေ သမီးစုယဥ်ကနေကောင်းနေတာမဟုတ်ဘူး သူစိတ်ထိခိုက်လိမ့်မယ် မာမီပြောတာနားလည်တယ်မလား ချက်ချင်းကြီးသူလက်ခံမှာမဟုတ်ဘူး သားတဖြည်းဖြည်းသူလက်ခံဖို့ကြိုးစာရမယ် အချိန်ပေးရလိမ့်မယ် သမီးရဲ့ခံစားချက်ကိုသားနားလည်မှရလိမ့် သမီးအခြေအနေကစိတ်ချရတဲ့အထဲပါတာမဟုတ်ဘူး !"

"....."

ညီခန့် လက်နှစ်ဖက်ဖြင့် သူ့မျက်နှာသူပွတ်လိုက်တော့သည် ....စုယဥ်ကိုလည်းသူနားမလည်နိုင်တော့တဲ့အထိပါ

"သားအရာအားလုံးကိုပြန်လိုချင်ရင် သမီးကိုအချိန်ပေးပြီး  သားကိုယ်တိုင်စိတ်ရှည်မှရလိမ့်မယ်သား"

"ဟားးးးး မာမီ  သားအခုဘာတွေခံစားနေရလဲ မာမီသိလား လုံး၀မထင်ထားခဲ့တဲ့အရာတွေကဆက်တိုက်ပဲ သားကိုလှည့်စားနေခဲ့တာ သူဘာလို့ ဘ၀နဲ့ဆိုင်တဲ့အရေးကြီးချက်ကိုလျှိုထားပြီးသားဆီက ထွက်သွားဖို့ကြိုးစာရတာလဲမာမီ သားတကယ်မစဥ်းစားတတ်တော့ဘူး သားသူ့ကိုဘာတွေများလုပ်ခဲ့လို့ ခုလိုမျိုးအပြစ်ပေးရတာလဲ သားမျှော်လင့်ချက်တွေကိုတစ်ချက်ချင်းရိုက်ချိုးပစ်ခဲ့တာကသူ မာမီ့ရဲ့ ဟာဗျာ!!! သားခုလိုမိသားစုဘ၀လေးရဖို့ဘယ်လောက်ထိမျှော်လင့်ခဲ့ရလဲသိလား သား!!သားကျမှဗျာ ဘာလို့များ ဒီလိုမျိုးလာဖြစ်ရတာလဲ  !.."

ရင်ခွင်တစ်စုံသို့တမ်းခြင်းTahanan ng mga kuwento. Tumuklas ngayon