အပိုင်း(၃၆) uni-zaw

2.9K 125 32
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၃၆

ညနေဖက် ယဥ်ပြန်ရောက်တော့ ညီကမရောက်သေးပါ ညီဘာတွေများအဲလောက်အလုပ်ရှုပ်နေလဲမပြောတတ်ချေ ယဥ်စိတ်ပျက်လက်ပျက်နဲ့ ဆိုဖာမှာထိုင်၍ဖုန်းသုံးနေလိုက်၏ ပျို့မိုင်ဒေးကိုလည်းမကြာမကြာ၀င်ကြည့်ဖြစ်ပြီး လက်ကအလိုလိုပင် ပျို့wallထဲရောက်သွားခဲ့ပြန်၏ ရောက်သွားခဲ့ပြန်သည် ယဥ့်စိတ်ထဲအလိုလိုခံပြင်းနေမိ၏ ယဥ် ညီထံမှဘာတွေများမျှော်လင့်မိနေတာပါလိမ့် ...
ယဥ် ဒေါသကြောင့်ပျို့ mydayအား love reactပါပေးပစ်လိုက်၏
'တင်ပါစေ သူနဲ့ယဥ်က လူနဲ့ တစ္ဆေလိုမျိုးကွာခြားပါသည်
ယဥ်က လက်နဲ့ကိုယ်တိုင်ထိတွေ့ပြီးမြည်းခွင့်ရပယ်
မယ့် ပျိုကအနံ့လောက်သာရှုရှိုက်ခွင့်ရတာမလား...၀၀ကြီးသာအနံ့ရှူပါစေ
ညီပြန်လာရင်လည်း ယဥ်ထုတ်မေးဖြစ်မှာမဟုတ်ပေ အခုဟာကတမင်တကာကြီးသူတို့ဖက်ကယဥ့်အပေါ်လုပ်လာတာပဲမလား အချိန်တစ်ခုထိတော့ယဥ်စောင့်ကြည့်ဖို့တွေးထား၏

ခဏအကြာတော့ ညီ့ကားသံကြားလိုက်ရ၏
ညီက အထဲ၀င်လာတော့ ယဥ်နဲ့အကြည့်ချင်းဆုံလေ၏ ယဥ့်ဖက်ကလည်းအကြည့်မလွှဲဖြစ်ပဲ
ယဥ့် ညီ့အားကြည့်နေမိ၏

"ဆော်ရီးစုယဥ်ကိုယ် နေ့လည်က meetingရှိတာမေ့သွားတာနဲ့ နေ့လည်စာလာမပို့လိုက်ရဘူး ဘာစားထားလဲနေ့လည်က"

"ရပါတယ် ယဥ်လည်း ဆရာဘုန်းစစ်ငြိမ်းလာခေါ်တော့ သူနဲ့အတူသွားစားဖြစ်တယ်!ညီကရော ဘာစားလာတာလဲ ဗိုက်ရောပြည့်ခဲ့လား!"

ယဥ် တမင်တကာမေးလိုက်ပယ်မယ့် ညီက မျက်မှောင်ကျုံ့ကာ ယဥ့်အားကြည့်နေလေ၏

"ကိုယ်ခုထိနေ့လည်စာမစားခဲ့ရဘူးဆိုရင်ယုံမလား!"

ညီခန့်မှာဟိုတယ်ခွဲကို​ပြေးလွှားရတာနဲ့ မီတင်ကိုမေ့နေတာနဲ့ နေ့လည်စာပင်မစားခဲ့ရပါ

"အော် မသိဘူးလေ ညီများရင်ပြည့်လာတာလားလို့ ယဥ်ဘာလုပ်ပေးရမလဲခု!"

"ဒီကိုလာ ကိုယ့်ဆီကို!"

ယဥ်ထိုင်ရာမှထကာ ညီ့အနားသွားရပ်လိုက်တော့ညီက ယဥ့်အားသူ့ပေါင်ပေါ်ထိုင်ခိုင်းလေ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now