အပိုင်း(၂) zaw-uni

3.6K 67 0
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း
အပိုင်း(၂)
မှားယွင်းမှုတွေရဲ့အစ///
နန်းစုယဥ်ဆိုတဲ့မိန်းခလေးက ထိုကောင်လေးအတွက်ဆို တန်ဖိုးမရှိတဲ့အရာ၀တ္ထုလေးတစ်ခုနဲ့တူနေခဲ့၏ မှားတုန်းကနှစ်ယောက်အတူတူပေမဲ့
ခံရတော့သူမတစ်ယောက်တည်းသာဖြစ်သည် ညီက အခုဆိုယဥ့်အားတော်တော်လေးရွံချာနေလောက်မည် ဒီအဖြစ်အပျက်တွေက မနာလို၀န်တိုခြင်းဆိုတဲ့အရာကနေအစဖြစ်ပေါ်လာပေမဲ့
ယဥ် ညီ့ကိုအမှန်တကယ်ချစ်မိသွားတဲ့အခါလောဘလေးနည်းနည်းဖြစ်မိသွားတဲ့သဘောလောက်သာသက်ရောက်သည်ညီဖက်ကယဥ့်အားခါးခါးသီးသီးငြင်းနေပေမဲ့ တကယ်ဆို ညီနဲ့ယဥ်သည် ကုတင်တစ်ခုတည်းတွင်အတူတူအိပ်လာကြတဲ့သူတွေမလား အခုတော့ ညီကယဥ့်အားရွံသတဲ့ ယောကျ်ားတွေများ တော်တော်လေးအပြောင်းအလဲမြန်လွန်းသည်ဟုယဥ်ထင်သည် ယဥ်ရဲ့ရင်ထဲကိုတစ်ခါမှ၀င်မကြည်ဖူးပဲနဲ့ညီရဲ့တဖက်သပ်အစွဲတွေနဲ့ယဥ်အားစော်ကားခဲ့သည်...
တကယ်ဆိုညီနဲ့ယဥ်သည် ပျိုသိထားသလိုမျိုး ပျို​မိတ်ဆက်ပေးမှသိခဲ့ရတဲ့သူမျိုးမဟုတ်ခဲ့ပါ ဒါမဲ့ အဲနေ့ကပျို့ချစ်သူကောင်လေးဟာညီလို့ ယဥ်သိခွင့်ရခဲ့တာပါ ....အဲနေ့ကခံစားချက်တွေကိုပြန်တွေးမိလိုက်တိုင်း ယဥ် ရင်နာလွန်းပါသည် နန်းစုယဥ်က ညီရဲ့sex partnerသာသာဖြစ်ပြီး ပျို၀င့်လွှာဖြူက ညီတရား၀င်လက်ထပ်ယူမဲ့ဇနီးလောင်းပါတဲ့.. ဒီလိုအဖြစ်မျိုးကိုဘယ်သူကများဖန်တီးပေးလိုက်ပါသလဲပျိုမိတ်ဆက်ပေးတုန်းကပျိုကပျော်ရွှင်ခဲ့ပယ်မယ့် ယဥ်နဲ့ညီကတော့အံ့သြမှုတွေနဲ့အတူသေချာပေါက်မပျော်နိုင်ခဲ့ပါအဲနေ့ကညီီရဲ့မျက်၀န်းတွေကြောက်ရွံ့တုန်လှုပ်နေတာမှအသိသာဖြစ်သည် ဘာလို့လဲဆိုတော့ ပျို ယဥ်တို့အကြောင်းတွေသိသွားမှာစိုးရိမ်လို့ထင်ပါရဲ့ ညီသည်ယဥ့်မျက်နှာအားစေ့စေ့ပင်မကြည့်ခဲ့ပါယဥ့်ဘ၀ကဟာသဆန်ခဲ့ပါသည်အချစ်ကိုရှာ
တွေ့ခဲ့ပေမဲ့ ယဥ်မပိုင်ဆိုင်ခဲ့ပြန်ဘူး ညီချစ်တာပျို ညီလက်ထပ်ယူမဲ့နေရာမှာပျိုမဟုတ်ပဲတခြားမိန်းခလေးသာဆိုလျှင်ကော ယဥ်ဒီလိုမနာ၀န်လိုစိတ်၀င်မိပါ့မလား ပျိုနဲ့ယှဥ်လိုက်ရင်အမြဲရှုံးနေရတဲ့ခံစားချက်ကိုယဥ်မုန်းပါသည် ယဥ်ညီနဲ့စတွဲကတည်းက ယဥ်က ဘာလောဘမှတက်ခွင့်မရှိတဲ့ ညီရဲ့အသုံးတော်ခံတစ်ယောက်ဖြစ်ခဲ့သည်မလားအသုံတော်ခံဆိုပေမဲ့လည်း
ညီကြောင့် ယဥ်ရဲ့ဘ၀ပြန်လည်စိုပြေလာခဲ့တာဖြစ်သည် ကိုယ်ချစ်တဲ့သူက သူချစ်တဲ့သူကိုဂရုစိုက်ချစ်ပြနေတာမြင်ရတဲ့အခါ ယဥ်အပြုံးယဲ့ယဲ့လေးတချက်ပြုံးမိတော့သည်....
အဲနေ့ကစပြီးယဥ်နဲ့ညီတို့ရဲ့ဇာတ်လမ်းလေးတစ်ခန်းရပ်သွားခဲ့လေသည်

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now