အပိုင်း(၅)uni-zaw

2.8K 55 1
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း
အပိုင်း(၅)

ညီခန့် ထမင်းစားပြီးကတည်းက စာကြည့်ခန်းမှာပဲအချိန်ကုန်နေတာဖြစ်သည် နာရီကြည့်လိုက်တော့ ည၈နာရီခွဲပင် ဟုတ်သားပဲ မာမီသူ့အားခေါ်ထားတာကိုမေ့နေ၏ ဖတ်လက်စစာအုပ်ကိုချထားလိုက်ပြီး
မာမီ့အခန်းဖက်ကိုဦးတည်လိုက်၏
ညီခန့် လှေကားမှာသူမတွေ့ချင်၍တမင်ရှောင်နေသော နန်းစုယဥ်နဲ့ပင်တည့်တိုးလေ၏ စိတ်ပျက်စွာနဲ့ပင်နှာခေါင်းရှုံ့မိသည် နန်းစုယဥ်ကိုတချက်ကြည့်မိလိုက်တော့ ညအိပ်လက်ပြတ်ဂါ၀န်ကြိုးတလုံးအား၀တ်ထားပြီး ဆံပင်ရှည်တွေကိုတော့ဖြန့်ချထားလျှက် သူ့ကိုတွေ့တော့ရပ်ကြည့်နေသေးသည် ညီခန့်လည်း နန်းစုယဥ်နဲ့ဘာစကားမှပြောချင်စိတ်ရှိမနေ၍ဦးစွာထွက်လာခဲ့လိုက်တော့သည်
မာမီအခန်းရောက်တော့ ညီခန့်တံခါးခေါက်လိုက်သည်
"ဖွင့်ထားတယ် သားလား ၀င်လာခဲ့လေ"
မာမီသည် ကုတင်ပေါ်တွင်လှဲကာစာအုပ်ဖတ်လျှက်
ညီခန့်မာမီ့ဘေးတွင်၀င်ထိုင်လိုက်တော့ မာမီက လှဲနေရာမှထကာ ညီခန့် ခေါင်းလေးအားဖွလိုက်၏
"မာမီ့သားလေးတောင် အိမ်ထောင်သည်တစ်ယောက်ဖြစ်သွားပြီပေါ့ သားငယ်ငယ်တုန်းကကျန်းမာရေးချူချာတော့ မာမီကောင်းကောင်းအိပ်ခဲ့ရတဲ့နေ့တောင်မရှိခဲ့ဘူးသိလား ဒီလိုကျန်းကျန်းမာမာတွေ့ရတာမာမီ၀မ်းသာမိတယ်"
"......"
မာမီစကားတောင် ညီခန့် မာမီ့ရင်ခွင်ထဲအလိုလို၀င်လိုက်မိပြီးညီခန့်ခန္ဒာကိုယ်ကြီးနဲ့မာမီ့ကိုမှီထားကာ ခွေးပေါက်လေးအတိုင်းပင် မာမီကတော့သဘောကျစွာရယ်လျှက်
"အခုအိမ်ထောင်ကျပြီဆိုတော့လည်း အရင်ထက်ပိုပြီးကျန်းမာအောင်နေရမယ်ဒါမှမိသားစုကိုကောင်းကောင်းမွန်မွန်ထားနိုင်မှာ ပြီးတော့ အရင်ထက်ပိုပြီးလိမ္မာရမယ် ဇနီးမယားအပေါ်မှာလည်းသစ္စာရှိတဲ့ယောကျ်ားကောင်းတစ်ယောက်ဖြစ်နေရမယ်နော် သားသိလား သားဒက်ဒီဆိုသူ့တသက်လုံးမာမီ့ကိုစိတ်ချမ်းသာအောင်ထားပေးခဲ့တာ ဒီလိုပဲ သမီးနဲ့သားရှိပြီးလည်းတင့်တင့်တယ်တယ်ထားနိုင်အောင်သူကြိုးစားခဲ့တာ ပြီးတော့ သားဒက်ဒီက သူ့သားသမီးတွေကိုလိမ္မာအောင်သင်ပေးဖို့မာမီ့ကိုအမြဲပြောနေရှာတာ မာမီနဲ့သားတို့ကိုလည်း သိပ်ချစ်ရှာတာပဲ"
"ဒါမဲ့ ဒက်ဒီက သားထက်အများကြီးကံကောင်းတာပါမာမီရဲ့ အဟွန်း သူအရမ်းချစ်မြတ်နိုးတဲ့မာမီ့ကိုပိုင်ဆိုင်ခဲ့တာပဲ သားကျတော့.."
"သားရယ်"
တကယ်တော့ ဒေါ်နှင်းမိုးခက်ကိုယ်တိုင်လည်းသားဖြစ်သူကိုသနားမိသည်ပင် သားအတွက်ဒီကိစ္စကလက်ခံဖို့ခက်ခဲနေလိမ့်မည်ဆိုတာအမှန်ပေ သားချစ်တဲ့မိန်းခလေးကတစ်ယောက်ဖြစ်ပြီး တကယ်ယူလိုက်ရတာကတစ်ယောက်ပင် သားနေရာ၀င်ခံစားပေးလို့ရပေမဲ့ ဒီအရာအားလုံးကပြန်သွားလို့မှမရတော့ချေ အရှိကိုအရှိတိုင်းလက်ခံဖို့သာတွေးရမည်မလား ကိုယ်က သားရှင်တစ်ယောက် ပြီးတော့တစ်ဖက်မိန်းခလေးကလည်း ဆိုးဆိုး၀ါး၀ါးထဲပါတာမဟုတ်ပဲ ငွေကြေးမပြည့်စုံပယ်မယ့် သူ့ဂုဏ်လေးနဲ့သူရှိပြီးသားပါ
"ဒါမဲ့သားရယ် မာမီတို့ ဒီအခြေအနေကိုလက်ခံဖို့ပဲ
စဥ်းစားရတော့မှာလေ မာမီ အစကတည်းကသားရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး၀င်ရောက်မစွက်ဖက်ဖက်ဖို့ကြိုတွေးထားခဲ့တာပါ ဒါကြောင့်လည်းသားကိုမာမီလွတ်လပ်ခွင့်ပေးခဲ့တာပဲမလား သားအတွက်ခက်ခဲတယ်ဆိုတာမာမီသိပါတယ် ဒါမဲ့ နန်းစုယဥ်ဖက်ကိုလည်းမာမီတို့ထည့်တွက်ပေးရမယ်လေသားရယ် သူလည်းအခုသူ့မိဘတွေအမွေဖြတ်စွန့်လွှတ်ခံခဲ့ရတာလေ သူ့မှာ သားတို့မာမီတို့အပြင်ဘယ်သူရှိသေးလို့လဲသားရယ်"
"ဒီလိုဖြစ်အောင်သူရွေးချယ်ခဲ့တာလေမာမီ အဲတာသူ့ရဲ့မိုက်မဲမှုတစ်ခုပဲကော "
"အဲလိုလည်းဘယ်ဟုတ်မလဲသားရယ် သူ့ဖက်ကတဖက်သတ်နဲ့ဆုံးဖြတ်ခဲ့တာမှားတယ်ဆိုပယ်မယ့် သူကမာမီတို့လက်ခံနိုင်လောက်တဲ့အနေအထားမှာရှိပြီးသားလေ သူ့ဂုဏ်လေးနဲ့သူတည်တည်ငြိမ်ငြိမ်လေးပဲမဟုတ်လား"
"ကျစ်!! မာမီမသိပါဘူးဗျာ"
နန်းစုယဥ်ကမျက်နှစ်ဖက်နဲ့မိန်းခလေးဆိုတာညီခန့် သိပြီးသားပင် ယောကျ်ားတွေနဲ့အရောတ၀င်ပတ်သက်နေတဲ့မိန်းခလေးတစ်ယောက် ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ်မနေတတ်ပဲ မိန်းမပျက်တစ်ယောက်ထက်မပိုဘူးဆိုတာ မာမီသိရင် သားနဲ့သဘောတူအုံးမှာလား သူ့မှာညီခန့်အပြင်ပတ်သက်ဖူးတဲ့ယောကျ်ားတွေမရှိနိုင်ဘူးလို့မည်သူမှတပ်အပ်မပြောနိုင်ပေ ညီခန့်နဲ့၂နှစ်နီးပါးပတ်သက်ခဲ့ပေမဲ့ သူမှာနောက်တစ်ယောက်ရှိချင်ရှိအုံးမှာလေ!! တောက်!! ပြန်တွေးလိုက်တိုင်းလည်းကိုယ့်ဘာသာရွံမိသည်အထိ ဒီလိုမိန်းမနဲ့များလာဆုံရတယ်လို့
"ဒါဆိုသားကသူ့အကြောင်းသိတယ်ပေါ့ ပြောပြလေမာမီကို"
မာမီကညီီခန့်ကိုစေ့စေ့ကြည့်ပြီးမေးလာသောအခါ ညီခန့်အကြည့်ပြန်လွှဲမိသည် မာမီမျက်လုံးသေချာကြည့်ပြီးသူမဖြေရဲခဲ့ပါ
"သား ..သား ဆိုလိုတာကအဲလိုမဟုတ်ဘူး တကယ်ဆို သားနဲ့ပျိုကဘယ်လောက်ထိချစ်ခဲ့ကြလဲ နန်းစုယဥ်အသိဆုံးပဲ မာမီ သူငယ်ချင်းရဲ့မျက်နှာကိုတော့ထောက်သင့်တာပဲမလား"
"အင်းပါ ဟုတ်ပါတယ် သားပြောတာမာမီလက်ခံပါတယ် ဒါမဲ့သားပြောတာတွေကအတိတ်မှာကျန်ခဲ့ပြီသားသိလား အတိတ်ကိုမာမီတို့ပြောင်းလဲလို့မရဘူး ဒါကြောင့်လက်ရှိကို လက်ခံပေးဖို့မာမီပြောနေတာ "
" ဒါမဲ့ သားမှသူ့ကို မချစ်တာမာမီ သားဘ၀မှာကိုယ်မချစ်တဲ့မိန်းမတစ်ယောက်ကိုလက်ထပ်ပြီးအတူနေရလိမ့်မယ်လို့တစ်ခါလေးတောင်မတွေးခဲ့ဖူးဘူးမာမီ ကိုယ်ချစ်တဲ့သူနဲ့ပဲအဆုံးထိအတူနေသွားချင်ခဲ့တာ"
"သား မာမီပြောတာသဘောမပေါက်ဘူးပဲ "
"..."
"လူတိုင်းက ကိုယ်ချစ်တဲ့သူနဲ့အတူတူနေသွားချင်ကြတာချည်းပဲ မာမီသားကို နန်းစုယဥ်ကိုချစ်ခိုင်းနေတာမဟုတ်ဘူးလေ သားအိမ်ထောင်တစ်ခုဖြစ်လာပြီဆိုရင် ဒီအိမ်ထောင်ရေးအတွက်ဦးစားပေးပြီးထိန်းသိမ်းစေချင်တာ နားလည်မှုနဲ့ရှေ့ဆက်စေချင်တာ သားသူ့ကိုမချစ်ရင်တောင်မှ လူလူချင်း လေးစားမှုရှိပြီး ရှေ့ဆက်စေချင်တဲ့သဘောလောက်ပဲ ခုသားလုပ်ပုံကကောင်းသေးရဲ့လား သားမဂ်လာဦးညကတည်းက ဒီနေ့ထိ လုံး၀ဒီအိမ်ရိပ်မနင်းခဲ့ဘူးလေ ဒီနေ့မာမီသာမခေါ်ခဲ့ရင်သားမလာဘူးမလား နန်းစုယဥ်ဖက်ကိုသားနဲနဲလောက်ပဲတွေးလိုက်ပါသား နန်းစုယဥ်အဖေက မာမီတို့ရှေ့မှာသူ့သမီးကိုပါးရိုက်ပြီးအမွေဖြတ်သွားတာ သူဘယ်လိုခံစားရမလဲမိသားစုနဲ့အဆက်ပြတ်တဲ့အပြင် သားသူ့ကိုဥပေက္ခာပြုထားတာတွေကိုသူမသိဘူးများထင်လို့လား သူ့မှာမာမီတို့အပြင်တခြားမိသားစုမှမရှိတာ မာမီတို့လက်ခံကြိုဆိုပေးရမှာပေါ့ သားအဖွားနဲ့သားအမကလည်း သူတို့သားအပေါ်အရမ်းမျှော်လင့်ချက်ထားမိတော့ အခုအခြေအနေကိုသူ့တို့ချက်ချင်းလက်မခံနိုင်သေးတာလောက်ပဲ မာမီကတော့ မိန်းမချင်းကိုယ်ချင်းစာတယ်သား သားလည်းတွေးကြည့်ပေါ့ သားမှာအမတစ်ယောက်ရှိသေးတာပဲ သားမာမီပြောတာနားလည်ရဲ့လား သားဖြည်းဖြည်းချင်းတွေးကြည့်ပါ နန်းစုယဥ်လည်းဆိုးသွမ်းနေတဲ့မိန်းမလေးမှမဟုတ်ပဲ မာမီကဒီအရာကြီးကိုချက်ချင်းလုပ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး"

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now