အပိုင်း(၄၉)uni-zaw

4.4K 239 25
                                    


ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၉

ယဥ်တို့ သာမန်တွေဆုံမှုမျိုးတဲ့လား ကွာရှင်းပြီးရက်တော်တော်ကြာမှညီနဲ့အခုပထမဆုံးအကြိမ်ပြန်ဆုံလေ၏ ယဥ်ဟန်နီနဲ့အတူ ပလာဇာရောက်နေတာဖြစ်သည် မေမေ့အတွက်အထည်ချာနဲနဲ၀ယ်ပြီး တာနဲ့ငယ်ငယ့်အတွက်အဖြူအစိမ်းအထည်ချာ ၀ယ်ပြီးသွားပေးမလို့တွေးထားတာဖြစ်သည်
မေမေကငယ့်ရဲ့ အဖြူအစိမ်းတွေကိုကိုယ်တိုင်ချုပ်နေကျမို့ပါ ယဥ့်အတွက်ပါ ဗိုက်ဖုံးအင်္ကျီချုပ်မဲ့အထည်ချာနဲနဲ၀ယ်လိုက်၏ ယဥ်စျေးဆစ်နေတုန်း ယဥ့်ကိုတစ်စုံတစ်ယောက်ကြည့်နေသလိုခံစားနေရတာကြောင့် ယဥ် ဘေးဘီကိုအကြည့်ရောက်သွားတော့ ယဥ်တို့နဲ့သိပ်မလှမ်းမကမ်းမှာပဲ ယဥ့်အား မျက်၀န်းနက်နက်ကြီးတွေနဲ့မရယ်မပြုံးပဲစိုက်ကြည့်နေကာ သရဲသဘက်တွေ့သလိုမျိုး မျက်မှောင်ကကြုံ့ထားလိုက်သေးသည်

ညီတော်တော်လေးပိန်သွားပုံပေါ်ကာ ဆွယ်တာမီးခိုးရောင်ကိုမှ ဂျင်းဘောင်းဘီရှည်ဒူးနားက အပေါက်အပြဲတွေပါတဲ့ဟာနဲ့တွဲဖက်၀တ်ထားလေ၏ မြင့်မားတဲ့အရပ်ကိုယ်လုံးကိုယ်ပေါက်နဲ့ထင်းနဲရှိနေ၏ညီ သူ့ဆံပင်တွေကိုတော့ညှပ်ရသေးပုံမပေါ်ပါ

'လွမ်းစရာကို နာစရာနဲ့သာဖြေတဲ့'အဲစကားပုံကယဥ့်အတွက်ထုတ်ထားသလားအောက်မေ့ရ၏

ယဥ်လည်းတမင်တကာမျက်စောင်းထိုးပစ်ကာအကြည့်လွှဲလိုက်၏

ညီခန့်မာမီနဲ့အတူ ယုဇနပလာဇာရောက်နေတာဖြစ်သည် မလိုက်ချင်ဘူးဆိုလည်းမရဘဲ ဒေါ်နှင်းမိုးခက်ကသူ့အားအတင်းခေါ်ချလာသည် ဒီညနေ flightနဲ့သွားမှာကိုအေးဆေးမနားရပေ မနေ့ညကလည်းသောက်ထားတဲ့အရှိန်ကလည်းမပြေသေးချေ
ခါတိုင်းလည်းသူတစ်ယောက်တည်းသွားနေကျကို ဒီနေ့မှထူးထူးဆန်းဆန်း ဘာတွေများအရေးကြီးနေမှန်းမသိပေ

မာမီကတော့စ၀င်လာချက်ချင်းအထည်တန်းဘက်ခေါ်ချလာပြီး အထည်ရွေးနေကာ ညီခန့်ကစိတ်ပျက်လက်ပျက်နဲ့ ဆိုင်ရှေ့လက်ပိတ်၍သာရပ်စောင့်နေလိုက်သည်

ဒါမဲ့ကံကိုကတိုက်ဆိုင်လွန်းတာလားတော့မပြောတတ်ပေ သူမတွေ့ချင်သောမိန်းမနဲ့မှတည့်တည့်လာတိုးနေ၏ ထိုမိန်းမကအထည်တွေကိုပြလိုက်စကားပြောလိုက်ရယ်မောလိုက်နဲ့ တော်တော်လေးပျော်နေပုံပါ သူ့မှာကျတော့ ခုချိန်ထိမရယ်ပြုံးနိုင်သေးပေ'တော်တော်ဟန်ဆောင်ကာင်းတဲ့မိန်းမ' ညီခန့် ထိုမိန်းမအား အကြည့်မလွှဲပဲစိုက်ကြည့်နေလိုက်၏ နောက်တော့ ထိုမိန်းမက ညီခန့်အားရိပ်မိသွားဟန်
ဖြင့်ညီခန့်ဆီအကြည့်ရောက်လာတော့ နှစ်ယောက်သားအကြည့်ချင်းခဏဆုံကြလေ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now