အပိုင်း(၇) uni-zaw

2.4K 57 0
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း
အပိုင်း(၇)

"မနေ့က ယဥ့်မောင်လေးကြောင့် ဖွားဖွားတို့စိတ်အနှောက်အယှက်ဖြစ်သွားရင် ယဥ်တောင်းပန်ပါတယ် မောင်လေးက နဲနဲဆိုးတော့အားနာစရာတွေဖြစ်ကုန်တာပါ"

"....."
ယဥ်ရယ် အန်တီရယ် ဖွားဖွားရယ် သုံးယောက်ဆုံပြီးမနက်စာစားဖြစ်ကြတာပင် ..

"ရပါတယ်သမီး အန်တီတို့က ရုတ်တရက်ဆိုတော့
လန့်သွားတာလောက်ပါပဲ အရင်လည်းတစ်ခါမှအဲလိုမျိုးမရှိဖူးတော့လေ"

အန်တီကဖြေရှင်းချက်ပေးနေပယ်မယ့် ဖွားဖွားကတော့ ယဥ်အားဂရုစိုက်ဟန်တောင်မပြပါ သူ့ဘာသာစားစရာရှိတာဆက်စားနေ၏
  နှင်းနဲ့ညီကတော့ ယဥ်နိုးကတည်းကမတွေ့ပေ ။ယဥ်လည်းတကူးတကလိုက်၍မမေးချင်ပေ မနေ့က ယဥ့်ကိုပြောဆိုသွားခဲ့တာယဥ်မေ့နိုင်မည်မဟုတ် ညီ ယဥ့်အား ဘယ်ကတည်းက ပြောချင်နေလဲမှမသိပေ ယဥ်လည်းအဖက်လုပ်၍ ရှင်းပြမနေချင်တော့ပါ ညီ မနေ့ညကအခန်းထဲလာမအိပ်တာတော့သိ၏

"သမီးဒီနေ့ offရက်လား "

"ဟုတ်တယ်အန်တီ ဒါမဲ့ညနေကျရင်တော့ယဥ်ဆေးခန်းသွားရမှာပါ အန်တီ ယဥ့်ကိုတခုခုပြောချင်တာရှိလို့လား"

"အော် မရှိပါဘူးသမီးရယ် ဒီနေ့က အမေ့ကိုရက်ချိန်းသွားပြရမှာလေ သမီးအိမ်မှာရှိနေတော့ကောင်းတာပေါ့ ကြီးအေးတို့လည်းစျေးသွားကြတာဆိုတော့"

ဟုတ်သားပဲ ဒီနေ့ သောကြာနေ့ဆို ဖွားဖွားကိုဆေးခန်းပြနေကျပါ အရင်တုန်းကဆိုယဥ်လိုက်သွားရပေမဲ့ ခုတော့ ယဥ်သွားခွင့်မရချေ

"ဟုတ် ရပါတယ် အန်တီအခုသွားတော့မလို့လား"

"အွန်းဟုတ်တယ် စားပီးရင်သွားကြတော့မှာ သမီးအိမ်မှာနေရဲတယ်မဟုတ်လား သမီးနှင်းနဲ့သားကတော့ မနက်အစောကြီးကတည်းက ထွက်သွားလေရဲ့ hotelမှာကလည်းသားမရှိလို့လည်းမဖြစ်တော့လေ"

ယဥ့်ကိုတကူးတကကြီးရှင်းမပြလည်းရပါတယ်
အန်တီရယ် ညီနဲ့ယဥ် သူစိမ်းတွေနဲ့မခြားပါဘူး

"ဟုတ်အန်တီ"

ညီက ဟိုတယ်ပိုင်ရှင်ဆိုတာယဥ်မေ့နေခဲ့တာပင် ညီတို့တွင် N2K Hotel&Resort ကိုပိုင်ဆိုင်ထားပြီးဖွားဖွားတို့မှာကဘိုးဘွားပိုင် စိန်ရတနာရွှေဆိုင်နဲ့ဆိုင်ခွဲတွေလည်းမန္တလေးထိပင်ရှိ၏
စားသောက်ကြပြီးတော့ ဖွားဖွားကို အန်တီကိုယ်တိုင်ကားမောင်းပြီးခေါ်သွာလေ၏
ယဥ်လည်းလုပ်စရာမရှိတော့စားပြီးသားပန်းကန်ခွက်တွေကိုသေချာပြောင်စင်အောင်ဆေးကြောလိုက်ပြီးအရည်စစ်ထားလိုက်သည် အိမ်က ကြီးကြီးအေးနဲ့ မေလုံးတို့ကလည်းစျေးသွားကြတော့ တစ်အိမ်လုံးတွင်ယဥ်တစ်ယောက်တည်းသာဖြစ်နေ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်းHikayelerin yaşadığı yer. Şimdi keşfedin