အပိုင်း(၁၁) uni-zaw

2.5K 61 1
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

ညီခန့်တစ်ယောက် Hotelမှာပဲအချိန်ကုန်ဖြစ်၏ အိမ်ကိုတော့မပြန်ဖြစ်ပေ နန်းစုယဥ်ကတော့ night jutyမို့ထင်တယ် ဟိုနေ့ညက အိမ်ပြန်တော့မတွေ့ရပေ ...ညီခန့်အခုထိ ဒီအိမ်ထောင်ရေးကိုဘယ်လိုလုပ်ရမယ်မှန်းမသိသေးပါ ဘာကိုမှလည်းမဆုံးဖြတ်ရသေးပေ
လေးလေးနက်နက်တွေးပစ်လိုက်ဖို့လည်း သူ
မရဲ၀ံ့ပေ နန်းစုယဥ််ကိုလည်း သူချစ်မနေချေ...ဒါမဲ့ကိုယ်မချစ်တဲ့သူနဲ့အတူတူနေရမယ့်၀ဠ်ကပါလာ၏ မချစ်သော်လည်းအောင့်ကာနမ်းရအောင်လည်း နန်းစုယဥ်က ဘယ်လိုမိန်းခလေးမှန်းညီခန်အသိဆုံးပင် သူ့အပြင်ဘယ်နှစ်ယောက်များရှိနေလိမ့်မလဲ သူတပ်အပ်မပြောနိုင်ပေ အဲအထဲမှ ညီ့ခန့်ကတော့ကံစပ်မဲပေါက်သလို ဖြစ်သွား၏

"ကျစ်!! မတွေးချင်ဘူးဆိုမှပေါ်ပေါ်လာတယ်" ညီခန့်အပြင်ထွက်ရန်ပြင်လိုက်တော့ ဖုန်းနံပါတ်အသစ်တစ်လုံး၀င်လာတော့ ဖုန်ကောက်ကိုင်လိုက်၏

"ဟယ်လို ညီလား"

"!ကျစ် !!" သူ မကြားချင်မမြင်ချင်သောအသံ
ပင် ဖြစ်၏ ဖုန်းကဒ်ပြောင်းထားပယ်မယ့် မာမီကတော့မွှေလိုက်ပြန်ပြီထင်၏

"ဘာလဲ ဘာကိစ္စဖုန်းဆက်တာလဲ "

"အိမ်ပြန်လာမယ်မလား!"

"မလာဘူးအဲတာမေးမလို့လား"

"ဟုတ်တယ် ယဥ် အိမ်မှာတစ်ယောက်တည်းမအိပ်ရဲ့ဘူး ညီလာခဲ့ပါ"

"ဟ!!!မင်းမအိပ်တတ်ဘူးဆိုတိုင်းလာပေးရအောင် မင်းကိုမင်းဘာထင်နေလဲနန်းစုယဥ် မလာဘူးအိပ်တတ်သလိုအိပ် "

"အပိုမပြောပါနဲ့ညီ ငါကနင့်မိန်းမလေ ကိုယ့်ယောကျ်ားကိုအိမ်ပြန်လာဖို့ခေါ်တာတောင် ငါကဘာကိုထင်နေရအုံးမလဲ နင်မလာဘူးပေါ့ အဲတာဆို နင်ရှိတဲ့နေရာကိုငါလာခဲ့မယ် ရလား"

"တောက်!!မလာနဲ့ အဲမှာနေ တစ်ဖ၀ါးမှမရွေ့ပဲနေ ငါမင်းကိုဟိုတယ်ကိုခြေချခွင့်မပေးဘူး"

"အော်!!အဲလိုဖြစ်ရအောင်ငါက နင့်တိတ်တိတ်ပုန်းမယားမဟုတ်ဘူး ညီ နင်နဲ့ငါတရား၀င်လင်မယားတွေသိရဲ့လား နင်နဲ့ငါတရား၀င်လက်ထပ်ထားတာ"

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now