အပိုင်း(၂၅)uni-zaw

4.1K 110 16
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၂၅

ယဥ်နဲ့ ညီ ဒီညဟိုတယ်မှာပဲ ညအိပ်ဖြစ်ဖို့စီစဥ်ထား၏ ညီကတော့ ယဥ့်အားသူနေတဲ့ အခန်းကိုလိုက်ပို့ခဲ့ပြီး ပွဲအခြေအနေတချက်သွားကြည့်၏ ယဥ်ကတော့ စိတ်ထဲနဲနဲပင်ပန်းနေတာကြောင့် လန်းဆန်းသွားအောင် ရေချိုးပြီးမှ ခေါင်းပါလျှော်လိုက်၏ အ၀တ်အပိုပါမလာတော့ ညီ့ရဲ့ တီချပ်ကိုပဲ ဒီအတိုင်း၀တ်ထားလိုက်ကာ ကုတင်ပေါ်လှဲနေလိုက်သည် ဆံပင်ရေစိုနေပယ်မယ့် သုတ်ရမှာပျင်းတာကြောင့်ဒီအတိုင်းမသုတ်တော့ပဲ လှဲနေလိုက်တော့သည် နာရီကြည့်လိုက်တော့ ည၁၁နာရီ ခွဲရှိနေပြီဖြစ်၏ ညီကတော့ပြန်မလာသေးပေ ....ခဏကြာတော့ ယဥ်ဗိုက်ဆာလာသလိုခံစားရတာနဲ့reception ကိုဖုန်းအကြောင်းကြားပြီး  အစားအသောက်မှာလိုက်ကာ အခန်းထဲလာပို့ပေးဖို့ပါတပါတည်းပြောလိုက်၏ ညီလည်းစားရသေးပုံမပေါ်တာကြောင့် တစ်ယောက်စာအပိုမှာလိုက်၏....

ခဏအကြာမှာတော့ ညီအခန်းထဲ၀င်လာခဲ့၏ ယဥ်အိပ်နေရာမှထထိုင်လိုက်ကာ ညီ့အားကြည့်နေတော့ ညီ့ဖက်ကလည်းပြန်ကြည့်နေ၏

သူ့အ၀တ်အစားတွေယူ၀တ်ထားတာကိုဘာပြောချင်နေလဲမသိ..ယဥ့်အားကြည့်နေလိုက်ပုံများ

"အ၀တ်ပိုမပါလာဘူး ညီ့အ၀တ်တွေယူ၀တ်ထားတာ ဘာလဲ မကြိုက်လို့လား!!"

"မဟုတ်ပါဘူး မင်းခေါင်းတွေရေစိုနေတာမလား "

ပြောတာနဲ့ယဥ်ထင်တာကတခြားစီ အရင်င်တစ်ခါ အပြောခံထားဖူးတော့ ယဥ်လည်းမ၀တ်စေချငါလို့ဘဲထင်မိတာပေါ့

"အွန်းဟုတ်တယ် ရေသုတ်ရမှာပျင်းလို့  ဆံပင်ကလည်းအရင်လိုအရှည်မှမဟုတ်တာ"

"ဒီကိုလာ !! သုတ်ပေးမယ် "

"အွန်း အဲဆိုလည်း ညီသုတ်ပေး"

ညီက ကုတင်စွန်ဖျားမှာထိုင်နေတာကြောင့် ယဥ်လေးဖက်ထောက်ကာသွားလိုက်သည်
ညီ့ထံသို့ခေါင်းလေးထိုးပေးတော့ ညီကDryerမသုံးပဲ တံဘက်ဖြင့်သာအသာသုတ်ပေး၏ ယဥ့်ညီ့ကိုဖက်ထားလိုက်ပြီး ညီ့ရင်ခွင်ထဲတိုး၀င်ကာ ညီပေါင်ပေါ်လှဲအိပ်လိုက်၏ ယဥ် ညီ့အားတင်းတင်းဖက်ထားမိသည် ညီ့ဆီမှလာသောရေမွှေးနံ့ကိုတော့ ယဥ်အရမ်းကြိုက်၏ ညီ့ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာယဥ်လှဲနေရာမှ ယဥ့်လက်တွေကအငြိမ်မနေပဲ ညီရဲ့ရင်အုံပေါ်ကိုလက်တင်ထားလိုက်ရင်း ညီ့ရင်ခုန်သံတွေကိုနားထောင်နေမိသည်
ညီက ယဥ့်အား ဘာတစ်ခုမှပြောမလာဘဲယဥ့် ဆံပင်ကိုသာဂရုတစိုက်ရေသုတ်ပေးနေ၏ ညီတော်တော်ကြည့်ကောင်း၏

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now