အပိုင်း(၄၅)uni-zaw

3K 231 51
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၅

ညီခန့် တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေကာ သူ့ရှေ့တွင်ရှိနေသော လူနာကတော့ အိပ်ပျော်နေတုန်းပါ သူဒီလောက်အတန်တန်တားခဲ့တာတောင်မှ ဖြစ်ပျက်မြန်ဆန်လွန်းတဲ့အဖြစ်အပျက်ကြောင့်ယုံလည်းမယုံနိုင်ဘဲ ခုချိန်ထိသူ့ရင်ထဲကတစိမ့်စိမ့်နာကျင်လို့နေ၏ 'ဘာလို့ ဒီလောက်ထိ လုပ်ရက်ခဲ့တာလဲ'မတွေးတတ်တော့ချေ မနေ့ညကတည်းကတစ်ရေးမှမအိပ်ရသေးတဲ့မျက်လုံးတို့ကမှိန်းနေကာ ခေါင်းကလည်း
တဆစ်ဆစ်ထိုးကိုက်နေ၏  'သူဘာများအမှားလုပ်မိလို့လဲ ??ဘာလို့ဒီလိုတွေဖြစ်ကုန်နေရတာလဲ သူလုံး၀ယူကျုံးမရခဲ့ပါ ???? သူ့အတွက်အကြီးမားဆုံးသောဆုံးရှုံးမှုကြီးကိုသူလက်မခံနိုင်ချေ  ဘာလို့ ဒီအရာတွေကသူ့ကိုမှလာရိုက်ခတ်နေရတာလဲ ....သူလုပ်တာ ဘာများလွန်ကျူးမိလို့လဲ....နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ နာကျင်မှုကြောင့် ကျလာတဲ့မျက်ရည်တွေကိုသုတ်ပြစ်လိုက်၏ မျက်လုံးတွေလည်းကျိန်းစပ်နေပြီး ရင်ဘတ်ထဲကလည်းနာကျင်လျှက်....ငါ မကာကွယ်နိုင်လိုက်ဘူးဘဲ...

ညီခန့်အိမ်ပြန်ရောက်တော့စုယဥ်အားမတွေ့ခဲ့ပါ သူနေရာစုံအောင်လိုက်ရှာပယ်မယ့် စုယဥ်ကရှိမနေပေ
'နန်းစုယဥ် ကိုယ်၀န်ပျက်ကျပြီး အရေးပေါ်ဆေးရုံ၀င်နေရသတဲ့ ??ဒါဖြစ်နိုင်တဲ့ကိစ္စကြီးလား??ဘာလို့လဲ medical abortion တဲ့ ဆရာ၀န်ပြောတဲ့ပုံအရဆိုရင်စုယဥ်က ဆေးသောက်ပြီးကိုယ်၀န်ဖျက်ချခဲ့သတဲ့  ??သူမရှိလိုက်တဲ့ခဏတာအတွင်းဘာတွေများဖြစ်ကုန်သွားရတာလဲ သူမတွေးတတ်တော့ချေ .နာကျင်မှုကြောင့် မဲပြုံးတစ်ချက်ပြုံးလိုက်မိ၏ ...ညီခန့် ..နန်းစုယဥ်ကိုအနည်းငယ်စိတ်ပျက်မိတာတော့အမှန် 'ဘယ်လိုသတ္တိတွေနဲ့များကိုယ့်ရင်သွေးကိုသတ်ပစ်ရက်တာလဲ စုယဥ်ရယ် ငါ့ကို မင်းအဲလောက်တောင်ပဲမုန်းလို့လား...ငါမင်းအပေါ် ဘာတွမျာအမှားကျူးလွန်နေလို့လဲ...

..ညီခန့်လည်း ကားနဲ့ထွက်သွားပြီးနောက် သူကြာခဲ့တဲ့အချိန်က ခဏလေးဆိုမှခဏလေးပဲ ပျို့ကိုလမ်းထိပ်နားမှာတွေ့တော့ တင်ခေါ်ပြီး သူ့အိမ်ကိုလိုက်ပို့ပေးချက်ချင်းပြန်လာခဲ့တာဖြစ်သည် ဒါတောင် ညီခန့်မှာပျို့ကိုမနည်းဖြောင်းဖြပြီးထားခဲ့ရ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now