အပိုင်း(၆) uni-zaw

2.7K 67 1
                                    

    ရင်ခွင်တစ်စုံသို့တမ်းခြင်း
အပိုင်း(၆)
ယဥ်အိပ်မလို့ပြင်နေစဥ်မှာဘဲ အောက်ထပ်မှဆူညံသံတွေကြားရတာကြောင့် နားစွင့်နေမိလိုက်သည် ညီ့အော်ခေါ်တဲ့အသံကိုကြားရတဲ့အခါမှာတော့ ယဥ်
စိုးရိပ်မိသွားတာအမှန်ပင် ယဥ်၀တ်ထားတာကြိုးတစ်လုံးဂါ၀န်အပါးလေးမို့ လတ်တလောအပြင်ထပ်တစ်ထည်ကောက်စွပ်ကာကပျာကယာထွက်လာမိသည်
အောက်ထပ်အောက်တော့ ညီနဲ့တံခါနားမှာပင်ဆုံလေသည် ညီသည် ယဥ့်အားရွံစရာသတ္တ၀ါတစ်ကောင်လိုစူးစိုက်ကြည့်နေ၏ ယဥ့်တကိုယ်လုံးအားခြုံကြည့်ကာမဲ့ပြုံးတချက်ပြုံးလိုက်သေးသည်
"မင်းအကောင်ထင်တယ် အော်ခေါ်နေတာ သွား မင်းရှုပ်ထားတဲ့အရှုပ်ထုပ်တွေတစ်ခုမကျန်သွားရှင်လာခဲ့ နန်းစုယဥ် ငါတို့ကပတ်၀န်းကျင်လူ့အသိုင်းအ၀ိုင်းနဲ့နေတာ မင်းဘာသာအပြင်မှာကြိုက်သလောက်ရှုပ် ကြိုက်သလိုနေနေ အိမ်ထိသယ်မလာနဲ့ တောက် !!"
ညီ တောက်ခေါက်လိုက်တော့ ယဥ်ရုတ်တရက်လန့်သွား၏
"နေပါအုံး ညီ ယဥ်ဘာတွေများ..."
ညီသည် သူပြောချင်ရာပြောပြီးအိမ်ထဲ၀င်သွားလေ၏
ယဥ်ဘာမှလည်းမလုပ်ထားရပါဘူး ဘာလို့ယဥ့်အားတဖက်သပ်စွပ်စွဲရက်ရတာလဲ ညီရယ် ယဥ့်အားအထင်သေးပြောဆိုလိုက်ပုံများ ရစရာတောင်မရှိပေ ယဥ်က အဲလောက်ထိမိန်းမပျက်ဆန်သွားရောလား ၀မ်းနည်းစိတ်ကြောင့်ကျလာတဲ့မျက်ရည်တွေကိုသုတ်ကာ ခြံတံခါးဆီကိုသွက်သွက်ကလေးလျှောက်လာလိုက်သည်
ကောင်လေးတစ်ယောက်ပုံကိုပဲ၀ိုးတ၀ါးမြင်ရ၏ ယဥ်ထိုကောင်လေးအားသေချာကြည့်မိတော့မှ
ဟင် မောင်လေးပါလား ဒီကိုဘယ်လိုလုပ်ပြီးတော့ ရောက်လာခဲ့တာလည်း
မောင်လေးကိုတွေ့ရတော့ယဥ်၀မ်းသာသွားရသည်
"ဇေဇေ"
"နန်းနန်း ကျစ်!!"
ယဥ်ခြံတံခါး အမြန်ဖွင့်လိုက်ပြီး မောင်လေးဆီလျှောက်သွားလိုက်သည် ယဥ်မောင်ဖြစ်သူကိုအားရပါးရဖက်ထားမိ၏
"နန်းနန်း နင်ဟာ "
"ဇေဇေဒီကိုဘယ်လိုလုပ်ပြီးတော့ရောက်လာတာလဲ ဟမ် မျက်နှာမှာလည်းဒဏ်ရာတွေနဲ့ပါလား ရန်ဖြစ်လာတာလားဇေ"
"ဟုတ်တယ် အဖေနဲ့"

"ဟင် အဖေနဲ့ ဟုတ်လား နင်အဖေ့ကိုအာခံပြောပြန်ပြီလားဇေဇေ  အွင့် အရက်နံ့တွေလည်းဟောင်နေတာဘဲ နင်အရက်ခိုးသောက်ပြန်ပြီလား နင့်အသက်၁၈တောင်ပြည့်သေးတာမဟုတ်ဘူး ဇေဇေမောင်လေးရယ်နင်ဘာလို့ဒီလောက်မိုက်မဲရတာလဲ"

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now