" မင်းဘယ်အချိန်လောက်ပြန်မှာလဲ "
တီဗီပိတ်နေသည့် တီချယ်က အကြင်နာ့ကိုမေးသည် ။ တစ်နေလုံး စကားပြောလိုက် ရုပ်ရှင်ကြည့်လိုက်နှင့် သာအချိန်ဖြုန်းခဲ့ကြပြီး ယခု နေ့လယ်၄နာရီလောက်ရှိပြီဖြစ်သည် ။
" တီချယ်က ဘယ်အချိန်ပြန်စေချင်တာလဲ "
သူ့ကိုမေးပါသည်ဆိုကာမှ ပြန်လည်မေးနေသော အကြင်နာ့ကြောင့် တစ်ခဏတာ ငြိမ်သက်သွားသည် ။ ခေါင်းထဲ ပေါ်လာတဲ့စကားအား ပြောသင့်မပြောသင့် စဥ်းစားနေမိသည် ။ ပါးစပ်ကနေ ထိုစကားထွက်ဖို့ကို အလွန် ရှက်ရွံ့နေမိသည် ။
" ဟင်တီချယ် ... ဘယ်အချိန်လောက်ပြန်စေချင်လဲ "
" တို့ဆန္ဒ့အတိုင်းသာဆိုရင် မင်းကိုဒီမှာပဲအမြဲစေချင်တာသိလား "
ထိုအရာလေးပြောဖို့ အချိန်ယူရသည့် တီချယ့်ကိုကြည့်ရင်း အချစ်ပိုရပြန်သည် ။
" အချိန်ခဏလေးပဲစောင့် ။ အဲ့ဆန္ဒပြည့်စေရမယ် "
ထိုသို့ပြောလိုက်တော့ တီချယ့်ဆီက အနူးညံ့ဆုံးအပြုံးကို ရရှိလိုက်သည် ။ ဒီလိုအချိန်မျိုး ဖြစ်လာစေရန် အကြင်နာ စောင့်မျှော်နေသည်မှာ ကြာခဲ့ပြီ ။ ရှေ့က အချစ်ဦးလည်းဖြစ် ၊ အချစ်ဆုံးလည်း ဖြစ်သည့် တီချယ်က ယခုအကြင်နာ၏ အပိုင်ဖြစ်လာသည်ကို မယုံနိုင်သေးပါ ။
" ဒါပေမယ့် မင်းအခုဆိုပြန်သင့်ပြီထင်တယ် ... အစ်မတော့ ပြောနေတော့မှာပဲ "
" တွေ့လို့မဝသေးဘူး တီချယ်ရယ် ။ အတင်းနှင်ထုတ်နေတော့တာပဲ "
" အို တို့မင်းကိုနှင်မထုတ်ပါဘူး ။ အခုအချိန်ပြန်မှလေ ။ မကြာခင် မှောင်လာတော့မှာကို ။ မင်းကမိန်းကလေးလေ အိမ်ကိုနောက်ကျမှပြန်လို့ မသင့်တော်ပါဘူး "
တစ်တွတ်တွတ်ကို မရပ်မနားပြောနေသည့် တီချယ် ။
စိတ်ပူတက်တာလဲ လွန်ပါရောလေ ။ သို့သော် ထိုပုံစံလေးကိုပဲ ချစ်နေရတာမို့ ဘာမှထပ်အထွန့်မတက်တော့ပေ ။" ဟုတ်ပါပြီ ။ အကြင်နာအခုပြန်ပါ့မယ် "
တီချယ်က ခြံအပြင်ထိလိုက်ပို့ပေးပြီး ဘယ်မှထက်မဝင်တော့ပဲ အိမ်ကိုတန်းတန်းမတ်မတ်ပြန်ဖို့မှာသည် ။
YOU ARE READING
ချစ်မိသွားချိန်၌
Non-Fictionသူငယ်ချင်းသဘောကျမိနေသော ဆရာမကိုအား ချစ်မိသွားချိန်၌။ အကြင်နာခွန်း × ပန်းခက်ဝါ