14

819 89 8
                                    

တောကပြန်လာထဲက ဘယ်ကိုသွားတာလဘ်းလို့ ဘယ်သူမေးမေး ဘာမှမပြောတဲ့ သူ့ကိုတမင်များလုပ်နေကြသလား ဟိုတယ်အသစ်ဖွင့်ရန် အဖေနဲ့ အကို နှစ်ယောက်ရဲ့အစီအစဥ်တွေကြောင့် နေရင်းထိုင်ရင်းပဲလှော်ကြားစားညှပ်ကာခေါင်းရှုပ်နေတဲ့ Jungkook..

သူပါအခုဆိုအလုပ်တွေဝိုင်းလုပ်ပေးနေရတာကြောင့် Taehyung စီလုံးဝမလှည့်အားနိုင် တယောက်ကလည်းနေနိုင်လိုက်တာ တောကပြန်လာထဲက ဖုန်းလေးဆက်ပေးလို့ရမလားလို့ပြောခဲ့တာတောင်တစက်ကလေးဆက်ဖော်မရ ဆက်ပြန်ရက်လည်းမကိုင် Jungkook မှာ အခက်တွေ့ရပြန်သည်..

" CEO အလုပ်လျှောက်စာတစောင်ရောက်နေပါတယ်"

" အတွင်းရေးမှူးကြီး ဘယ်သူက အလုပ်ခေါ်လို့ အလုပ်​​လျှောက်တဲ့သူကလာရတာလည်း ခေါင်းရှုပ်ရတဲ့အထဲ "

" မသိဘူး မနက်က Kim Taehyung လာပေးသွားတာပါ CEO "

" ဘယ်လို Kim Taehyung က ဒီကိုလာသွားတယ် "

ခုဏကရှေ့ကဖိုင်တွဲကို အခြားတနေရာကိုတင်လိုက်ပြီး အလုပ်ရှုပ်တယ်ပြောနေတဲ့ CEO.. Kim Taehyung လာပေးသွားတာလည်းဆိုရော ထိုဖိုင်တွဲကိုချက်ချင်းပြန်ယူကာ ဖွင့်ကြည့်လိုက်တော့ သူဖြစ်ချင်တဲ့ အတိုင်း ဓာတ်ပုံလေးက Kim Taehyung ပုံလေးဖြစ်နေတာနဲ့တင် အပြုံးကြီးက နေမင်းကြီးအလားတောက်ပလို့

" CEO ဒါဆို cancel လိုက်ရမလား "

" အတွင်းရေးမှူးကြီးလည်း အသက်ကြီးလို့ထင်တယ် ကျွန်တော်ပြောတာမမှတ်မိဘူးမဟုတ်လား အတွင်းရေးမှူးအသစ်ခေါ်မယ်ဆိုတာ "

" CEO မကြားမိပါဘူး "

" ခုကြားပြီမဟုတ်လား ခန့်တယ်လို့အကြောင်းပြန်လိုက် ကျွန်တော့အလုပ်တွေအရမ်းရှုပ်နေလို့ မနက်ဖြန်အလုပ်ချက်ချင်းဆင်းဖို့ပါမှာလိုက်ပါ အတွင်းရေးမှူးကြီး "

" ဟုတ်ကဲ့ CEO "

အတွင်းရေးမှူးကြီးမှာ ပြုံးစိပြုံးစိနဲ့ထွက်သွားတော့ သည်..အတွင်းရေးမှူးကြီးရှိနေတုန်းကတော့ သူအလုပ်ရှုပ်နေပါတယ်ပေါ့ ဟိုကထွက်သွားတာနဲ့ ထိုင်နေရာကနေထကာ လက်သီးဆုတ်လို့ အောင်နိုင်သူလိုအောင်ပွဲခံနေတဲ့ Jungkook..

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now