သံုးဆယ္(U+Z)

2.6K 165 27
                                    

Unicode

နေမဝင်ခင်အချိန်မှာ မောင်နဲ့နုရဲ့ခြေအစုံဟာ ခြံထဲကမြက်ခင်းတွေပေါ်၌ခြေချလို့နေလေပြီ။
နေလုံးနီနီဝင်ခါနီးအချိန်ကသိပ်လှသလို ဆွေးမြေ့စရာလည်းကောင်းလွန်းနေသည်။အိပ်တန်းတက်မည့်ကျေးငှက်တွေကို ကောင်းကင်၌ မိနစ်မခြားဘဲတွေ့နေရသည်။ခြံဝန်းထဲ၌ စားပွဲဝိုင်းတစ်ခုဟာ အကျအနတည်ရှိနေပြီဖြစ်သည်။စားစရာအချို့ကလည်း စားပွဲပေါ်၌ တော်တော်များများနေရာယူပြီးနေလေပြီ။ခြံထဲ၌ လူလေးယောက်သာ ရှိသော်လည်း ထင်တာထက် ပို၍စည်းကားသလိုဖြစ်နေသည်။

"မောင်ဘာလိုသေးလဲ။တို့ဘာလုပ်ပေးရဦးမလဲဟင်"

"ဟင့်အင်း ဒီတိုင်းပဲထိုင်နေပါ။မောင်တို့ပဲအားလုံးပြင်လိုက်မယ်"

"ထိုင်နေပါမမရာ။ဒီလောက်ကတော့ ကြွယ်တို့လုပ်နိုင်တယ်"

          ချစ်တဲ့သူအပေါ်မှာထားတဲ့အချစ်၊အစ်မအပေါ်မှာထားတဲ့မေတ္တာတွေဟာ ဖော်ပြစရာမလိုဘဲထင်ရှားလွန်းနေသည်။ကြွယ့်ဘေးက ပုပုလုံးလုံးကလေးကလည်း အိမ်သားတစ်ယောက်အဖွယ် အစွမ်းကုန်ကူညီပေးနေလေသည်။

"ရီအပူလောင်မယ် မလုပ်နဲ့။တို့လုပ်မယ်"

"ရပါတယ် ဒီလောက်တော့ လုပ်နိုင်ပါတယ်နော်"

"ဒါဆိုလည်းဂရုစိုက်နော်"

         ဒီစကားဟာ အသေအချာဂရုစိုက်ခြင်းကိုဖော်ပြလေသည်။
ကြွယ့်စကားဟာ ရိုးရှင်းသော်လည်း ဧကရီ့စိတ်တွေကတော့ ရိုးရှင်းမနေဘဲ ရှုပ်ထွေးနေလေသည်။လူသုံးယောက်တက်ညီလက်ညီပြင်ဆင်ကြတော့ စားပွဲဝိုင်းပေါ်၌ စားစရာတွေကအပြည့်ဖြစ်နေလေပြီ။ဝိုင်ပုလင်းနဲ့ဘီယာဘူးတွေကလည်း အစီအရီချထားသေးသည်။

"မမနဲ့ကြင်နာမောင်အတွက်ဂုဏ်ယူပါတယ်"

"နာနာရော အန်တီနုရော အများကြီးဂုဏ်ယူပါတယ်။ကလေးသေးသေးလေးကိုလည်း မြင်ချင်နေပြီ"

       ကလေးတစ်ယောက်ကဲ့သို့ချစ်စရာကောင်းနေသည့် ဧကရီ့ကို ကြွယ်သည် အရိပ်တကြည့်ကြည့်လုပ်နေလေသည်။မောင်ကတော့ နုလက်ကိုဆုပ်ကိုင်ကာ တစ်စုံတစ်ရာပြောဖို့ ဟန်ပြင်နေလေသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now