သံုးဆယ့္ရွစ္(U+Z)

1.9K 166 13
                                    

Unicode

မရောက်တာကြာခဲ့ပြီဖြစ်သည့် ဒီမြို့ကလးဟာ ခေတ်မှီတိုးတက်လာတာကလွဲလို့'ထား'အတွက် အထွေအထူးပြောင်းလဲသွားတာမျိုးမရှိခဲ့ပေ။အရာအားလုံးဟာ ပုံမှန်အတိုင်းတည်ရှိနေဆဲပင်။လွမ်းနေခဲ့ရတဲ့ မြို့ကလေးကိုရောက်တော့လည်း မထင်မှတ်သည့်သူနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်တွေ့အောင် ကံကြမ္မာကဖန်တီးပေးလိုက်လေသည်။လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတုန်းကလည်းထိုအမျိုးသမီးလေးနဲ့ တွေ့ဖြစ်အောင် ကံကြမ္မာကလှပစွာဖန်တီးပေးခဲ့ဖူးလေသည်။

အတိတ်တဲ့...။တစ်ချို့သောအကြောင်းအရာတွေဟာ မေ့မရနိုင်အောင်မှတ်မိနေသလို တစ်ချို့အရာတွေကတော့ မမှတ်မိချင်လောက်အောက်ပင် မေ့ချင်သည်။
မေ့ထားခဲ့သည်အကြောင်းအရာတွေဟာ လူတစ်ယောက်ကိုတွေ့လိုက်ကာမှ အလိုအလျောက်ပြန်တွေးမိလေသည်။တွေးမိတိုင်းလည်း နာကျင်ရစမြဲပင်။ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းမှာ ကိုယ်တိုင်လည်းနာကျင်ခဲ့ရသူဖြစ်ခဲ့လေသည်။

"တီတီထား"

          အခန်းတံခါးသည် ဖွင့်ဟထားသည်မို့ ဧကရီ အလွယ်တကူပင်ဝင်လို့ရလေသည်။တစ်စုံတစ်ရာကိုငေးမောနေသည့် ထားအကြည့်တွေပင် ထိုနေရာမှရွေ့ကာ ဧကရီ့ဆီကို သက်ရောက်လို့သွားသည်။

"အင်း ပြောစရာရှိလို့လား တီထားကလေးလေး"

"ပြောစရာမဟုတ်ဘူး။မေးစရာရှိတာ တီတီထား"

"မေးစရာ ဘာများလဲကွယ်"

"တီတီထားနဲ့မမက ဘယ်လိုသိကြတာလဲဟင်။သိတာရောကြာပြီလား"

         သိတာကြာပြီးလားတဲ့...။သိတာကြာခဲ့သလို ပတ်သက်ခဲ့ဖူးတာလည်း အချိန်တစ်ခုထိရှိခဲ့လေသည်။

"သိတာကတော့ လူနာအနေနဲ့ပေါ့။ဒီလိုနဲ့ပဲခင်မင်
သွားကြတယ် ဒါပါပဲသမီးရယ်"

"လူနာအနေနဲ့လား"

"အင်း"

         ခေါင်းငြိမ့်ကာ "ထား"သည် ထိုစကားတစ်ခွန်းကိုသာ ဆိုလေသည်။မျက်ဝန်းတွေ၌ အတိတ်ကဖြစ်ရပ်တစ်ချို့ဟာ ပေါ်လာပြန်သည်။

"မင်းခြေထောက်ကထိခိုက်သွားတယ်ထင်တယ်။တို့ဆေးခန်းကိုလိုက်ခဲ့မလား"

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now