လေးဆယ်(U+Z)

1.9K 128 18
                                    

Unicode

"ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို ချစ်နေချင်တဲ့အကြောင်းကို ခွင့်တောင်းစရာလိုလို့လားတီတီထားရယ်"

       ကွဲအက်ပြတ်ရှနေသော အသံကြောင့် မျက်ရည်တွေပြည့်နှက်နေတဲ့အမျိုးသမီးနှစ်ဦးဟာ ပြိုင်တူထိတ်လန့်ရပြန်သည်။ပါးပြင်ပေါ်မှ မျက်ရည်စက်တွေကို ထားသည်အလျင်အမြန်သုတ်လိုက်သလို ကြွယ်သည်လည်း ခပ်မြန်မြန်ပင်ဖယ်ရှားသည်။ထားရဲ့မျက်ရည်စက်တွေမှာပူဆွေးမှုတွပါဝင်နေပြီး ကြွယ့်မျက်ရည်စက်တွေမှာတော့ ဝမ်းနည်းမှုတွေပါဝင်နေလေသည်။

"သမီး"

"ရီ"

       တစ်ယောက်တစ်မျိုးစီခေါ်ကြတဲ့နာမ်စားတွေ...။နှလုံးသားကိုအနာတရဖြစ်အောင်လုပ်ဆောင်ချင်ကြတဲ့
အမျိုးသမီးတွေ...။

"ရီက ဒီဇာတ်လမ်းမှာ လူပိုတစ်ယောက်ဖြစ်နေခဲ့တာပဲ။ရှိပြီးသားဇာတ်လမ်းတစ်ခုကိုဖြတ်ဖို့ရောက်လာတဲ့
လူတစ်ယောက်ဖြစ်နေခဲ့တာပဲ"

"မဟုတ်ဘူးရီ။ရီထင်သလိုမဟုတ်ဘူးနော်။ဒါတွေကပြီးသွားခဲ့ပြီ"

"ရီထင်ထာမဟုတ်ပါဘူး။ကြားမိရုံလေးပါ။အမှတ်မထင်ကြားမိရုံလေးပါမမရဲ့။ဇာတ်လမ်းဟောင်းလေးက ဇာတ်လမ်းအသစ်ဖြစ်တော့မယ်ထင်ပါရဲ့နော်။အို ဝမ်းသာစရာပဲ"

         ဒါဟာ တမင်လိမ်ညာကာ ဝမ်းသာခြင်းလို့ဆိုခြင်းပင်။တကယ်တော့ ရင်ထဲမှာဖြေမဆည်နိုင်လောက်အောင် နာကျင်လွန်းလို့ အရူးတစ်ယောက်ပမာ လျှောက်ပြောနေမိခြင်း။ချစ်ရသူကို ဆုံးရှုံးရမှာကြောက်သလို လက်လွှတ်ပေးလိုက်ရမှာကိုလည်း ဧကရီသိပ်ကြောက်မိသည်။အခုရော လက်လွှတ်ပေးရလေမလား...။ဆွဲထားရလေမလား...။အသေအချာမဝေခွဲနိုင်လောက်အောင် ရင်ထဲတင်းကြပ်ကာ ပူလောင်လို့နေလေသည်။

"သမီးထင်သလိုမဟုတ်ဘူး။တီထားရှင်းပြမယ်။သမီးထင်တာမှားနေတာ"

"မရှင်းပြပါနဲ့တီတီထားရယ်။လိုမှမလိုဘဲကို။တီတီထားတို့အချစ်ကို သမီးကမခွဲပါဘူး"

"တို့ကရီ့အနားကနေမခွဲချင်တဲ့သူပါ။တို့စကားနည်းနည်းပြောချင်တယ်ကလေးရယ်။နားထောင်ပေးနော်"

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now